Movie Name
Captain Underpants The First Epic Movie (2017)
Year
2017
Generes
Action, Animation
Code
AN0107
Type
Movie
Size
701 MB
Country
Hollywood
Description
ဒီကာတွန်းကားလေးက အမေရိကားရဲ့ ကလေးကြိုက်ကာတွန်းစီးရီးစာအုပ်ကို Dreamwork Animation ကနေ ရုပ်ရှင်အဖြစ် ပြန်ပြီးတော့ အသက်သွင်းထားတာပါ။မူရင်း ကာတွန်းစီးရီးက ၁၂ အုပ်တိတိ ရှိပြီး ၃ ကြိမ်တိုင်တိုင် ပြန်လည် ထုတ်ဝေထားပါတယ်။ဒီကာတွန်းကို ဘာသာစကားပေါင်း ၂၀ကျော်လောက်နဲ့ဘာသာပြန်ထုတ်ဝေခဲ့ပြီးစာအုပ်ပေါင်းသိန်း၇၀လောက်ရောင်းရခဲ့တဲ့ကာတွန်းစီးရီးလေးပါ။ ဇာတ်လမ်းလေးကတော့ ကျောင်းသားလေးနှစ်ယောက်နဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖော်ကျူးထားတဲ့ဇာတ်လမ်းမျိုးလေးပါ။ ကာရိုးဒ်နဲ့ ဂျော့ရှ်က အစအနောက်သန်တဲ့ စတုတ္ထတန်းကျောင်းသားလေးတွေပါ။သူတို့က ဟာသဉာဏ်ရွှင်ပြီးတော့ ကာတွန်းရုပ်ပြတွေကို အတူဖန်တီးရေးဆွဲနေတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။သူတို့က ကက်ပတိန်အန်ဒါပန့်လို့ခေါ်တဲ့ စူပါဟီးရိုး ကာတွန်းရုပ်ပြလေးကို အတူတူရေးဆွဲခဲ့တယ်။ သူတို့ရဲ့ကျောင်းအုပ်ကြီးက စိတ်တိုစိတ်ဆိုး စည်းကမ်းတင်းကြပ်တဲ့သူမို့ သူတို့နှစ်ယောက်ကို ကြည့်မရပါဘူး။ သူတို့နောက်ပြောင်နေတာကို သက်သေမရှိသေးလို့ ဘာမှမလုပ်နိုင်သေးပေမယ့် တစ်နေ့နေ့တော့ စောင့်ဖမ်းပြမယ်လို့ကြုံးဝါးထားပါတယ်။တစ်နေ့ သူတို့ပြဿနာရှာတာကို လက်ပူးလက်ကြပ်မိတဲ့ အခါမှာတော့ အကြီးဆုံးပြစ်ဒဏ်အနေနဲ့ သူတို့နှစ်ယောက်ကို အတန်းခွဲထားဖို့ လုပ်ပါတော့တယ်။ သူတို့သူငယ်ချင်းနှစ်ယောက် မခွဲချင်တာနဲ့ ကြံမိကြံရာနဲ့ ကျောင်းအုပ်ကြီးကို အိပ်မွေ့ချကြိုးစားတာ ရလိုက်တယ်။ % buffered 00:00 -00:05 Download Your browser does not support the video tag. အိပ်မွေ့ချထားရင်း ကျောင်းအုပ်ကြီးက သူတို့ပြောတဲ့အတိုင်း ဖြစ်တာမို့ သူတို့ရဲ့ကာတွန်းဇာတ်ကောင်လေး ကပ္ပတိန်အန်ဒါပန့်အဖြစ် အိပ်မွေ့ချထားလိုက်မိတဲ့အခါမှာတော့ သူတို့ကာတွန်းဇာတ်ကောင်လို တကယ့်စူပါဟီးရိုးပဲဖြစ်လာမလား ပေါက်တတ်ကရတွေ လျောက်လုပ်တတ်တဲ့ စူပါဟီးရိုးပဲဖြစ်မလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရှုစားကြည့်လိုက်ပါ