Movie Name
Secret Of The Three Kingdoms (တော်ဝင်ကလဲ့စား)
Year
2018
Generes
Drama, Historical
Code
SC0136
Type
Series
Size
11.9 GB
Country
China
Description
မာယာများနဲ့သွေးခင်းလမ်း(တော်ဝင်ကလဲ့စား). #Secret of three kingdoms(မာယာများနဲ့သွေးခင်းလမ်း) အစအဆုံး (အပိုင်း ၁မှ ၅၄အထိ) ‌ဟန်မင်း‌ဆက်အုပ်စိုးနေစဉ် အရှေ့ဟန်အင်ပါယာရဲ့ ထီးနန်းကိုဆက်ခံရန်တော်ဝင်သွေးအနေနဲ့မွေးဖွားလာသည့်အမြွှာသားတော်နှစ်ပါး။ ကြင်ယာတော်ကမွေးဖွားလာတဲ့သားတော်များဖြစ်တဲ့အတွက် မိဖုရားခေါင်ကြီးရဲ့ မနာလိုမှုနဲ့ လုပ်ကြံမှုကြောင့် မယ်တော်ကြီးဟာသားတော်ကြီးလျိုရှင်းကိုနန်းတွင်းမှာနေစေလျှက် သားတော်ငယ်လျိုပင်းကိုတော့ ဝမ်တိုင်းပြည်ရှိဆစ်မာမိသားစုဆီမွေးစားဖို့ပေးလိုက်ပါတယ်။ လျိုရှင်းဟာ မယ်တော်ကြီးရဲ့ပြုစုစောင့်ရှောက်မှုနဲ့ထီးနန်းကိုရခဲ့ပေမဲ့ အမတ်ချုပ်ဖြစ်တဲ့ချောင်ချောင်ရဲ့ ကြိုးဆွဲဘုရင်ဘဝကနေရုန်းမထွက်နိုင်တဲ့အခါ နန်းပြင်မှာအမြွှာညီရှိတာကိုသိပြီး ညီဖြစ်သူလျိုပင်းကိုနန်းတွင်းကိုခေါ်သွင်းရန်ကြိုးပမ်းပါတော့တယ်။ ဆစ်မာမိသားစုရဲ့ မွေးစားသားအဖြစ်ကနေ တွေ့ဆုံစကားပြောခွင့်တောင်မရပဲဆုံးပါးသွားရတဲ့အကိုဖြစ်သူဧကရာဇ်ရဲ့နေရာကို‌ညတွင်းချင်းအစားထိုးဝင်ရောက်ခဲ့ရတဲ့ လျိုပင်းတစ်ယောက် နန်းတွင်းရှိမူးမတ်တွေ အထူးသဖြင့်ချောင်ချောင်ကိုလှည့်စားနိုင်ပါ့မလား။ အကိုဖြစ်သူရဲ့ မှာကြားချက်အရ မိဖုရားခေါင်ကြီးနဲ့ လျိုပင်းရဲ့ဆက်ဆံရေးကရောဘယ်လိုဖြစ်လာမှာလဲ။ လျိုပင်းနဲ့ချောင်ချောင်ရဲ့အားပြိုင်မှုကဟန်နိုင်ငံတော်ရဲ့အပြောင်းအလဲကိုယူဆောင်လာစေမှာလား။စတဲ့နိုင်ငံရေးလှည့်ကွက်များကို အလှည့်အပြောင်းများတဲ့ဇာတ်လမ်းဇာတ်ကွက်များနဲ့ကြည့်ရှုရမယ့်အပြင် လျိုပင်းကိုညီအဖြစ်မွေးစားခဲ့တဲ့ ဆစ်မာရီနဲ့ လျိုပင်းတို့ကြားက နားလည်မှုတွေနဲ့ ညီအကိုသံယောဇဉ်တွေကိုပါတွေ့ရမှာပါ။ နိုင်ငံရေးလှည့်ကွက်တွေကြားထဲက အချစ်ရေးတွေကိုပါးပါးလေးပုံဖော်သွားတဲ့အပြင် တစ်ပိုင်းစီကြည့်နေရင်တောင်ရှေ့ဆက်ဘာဖြစ်မလဲမှန်းရခက်တဲ့ဇာတ်ကားကောင်းလေးတစ်ခုမို့ တည်တည်ငြိမ်ငြိမ်နဲ့နိုင်ငံရေး historicalဇာတ်ကားကောင်းကောင်းလေးတွေကိုမှကြည့်ချင်ရင်တော့ ဒီကားလေးကအဆင်ပြေမှာပါ။(YTVမှာတော့ တော်ဝင်ကလဲ့စားဆိုတဲ့နာမည်နဲ့ပြသနေပါတယ်)