Movie Name
Justice League – Gotham City Breakout (2016)
Year
2016
Generes
Action, Animation
Code
AN0117
Type
Movie
Size
674 MB
Country
Hollywood
Description
ရယ်ရွှင်စရာကောင်းတဲ့ Lego Superhero ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားမှာတော့ ဘတ်မန်းဟာဆိုရင် သူ့ရဲ့ နှစ်ပတ်လည် နေ့အတွက် ကျန်တဲ့ သူတွေရဲ့ တိုက်တွန်းချက်အရ အားလပ်ရက် ခရီးထွက်ခဲ့ပါတော့တယ်။ ဒီခရီးကိုစီစဉ်သူကလည်း နိုက်ဝင်းနဲ့ ဘတ်ဂဲလ် ဖြစ်ပြီး ခရီးစဉ်ကတော့ ဘတ်မန်းရဲ့ ဆရာမဟောင်း မဒမ် မန်းတစ် ဆီကိုပါ။ ဂေါ့သမ်မြို့မှာတော့ ဘတ်မန်းဟာ စူပါမန်းနဲ့ ရော်ဘင်တို့ကို အစောင့်ထားရစ်ခဲ့ပါတယ်။ဒီလိုဘတ်မန်း မရှိတော့တာကို ဘတ်မန်းရဲ့ အဓိက ပြိုင်ဘက်ဂျိုကာကသိရှိပြီး ထောင်ဖောက်ကာ တစ်ခြား စူပါဗီလိန်တွေကို ပါခေါ်ပြီး သောင်းကျန်းပါတော့တယ်။တစ်ဖက်မှာလည်း မဒမ်မန်းတစ်ဆီကိုရောက်နေတဲ့ ဘတ်မန်းတို့မှာ လည်း မဒမ် မန်းတစ် က ပျောက်ဆုံးနေပြီး သူ့နေရာမှာ ဒက်ခ်စတုခ် က စီစဉ် ထားတဲ့ လူတစ်ယောက် ဖြစ်နေပါတယ်။ဒီလိုနဲ့ ဘတ်မန်းတို့ဟာ သူ့ဆရာမ ကိုရှာဖွေရပါတော့တယ်။ တစ်ဖက်မှာလည်း စူပါမန်း နဲ့ ဂျက်စတစ်လိဂ် တစ်သိုက်ဟာ အရင်က မရင်ဆိုင် ခဲ့ရဘူးတဲ့ စူပါဗီလိန်တွေနဲ့တွေ့ပြီး ဒုက္ခ အကြီးအကျယ် ရောက်ပါတော့တယ်။ ဘတ်မန်းတို့ တစ်သိုက် ဆရာမကို ပြန်ရှာတွေ့မလား ….. စူပါမန်းတို့ တစ်သိုက်ကကော ဂျိုကာတို့ တစ်သိုက်ကိစ္စ ကို ဖြေရှင်းနိုင်မလား ဆိုတာကိုဟာသလေးတွေနှောပြီး ရှု့စားရမှာဖြစ်ပါတယ်