-
Movie Name
-
Pirate Fairy
-
Year
-
2014
-
Generes
-
Animation
-
Code
-
AN0129
-
Type
-
Movie
-
Size
-
113 MB
-
Country
-
Hollywood
-
Description
-
ဒီအပတ် စနေနေ့ Weekend Special အတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Tinker Bell Series တွေထဲမှာ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Tinker Bell – The pirate fairy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ကျွန်တော်က Tinker Bell ကို ၁၉၅၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Peter Pan ဇာတ်ကားမှာ စသိခဲ့တာပါ။ အဲဒီ ပီတာပန်ဇာတ်ကားဟာ ကျွန်တော်ကလေးဘဝ ကြည့်ဖူးသမျှ ကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးပါ။ ခဏခဏပြန်ပြန်ကြည့်ပါတယ်။ မိကျောင်းကြီးက နာရီသံတချက်ချက်နဲ့ ရေထဲကပေါ်လာတဲ့အခန်းဆို အခုထိကို ရယ်နေရတုန်းပါပဲ။
ဒီ Pirate Fairy ဟာလည်း Tinker Bell Series တွေထဲမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Tinker Bell က ရွှေမှုန်လေးတွေကြဲလိုက်တဲ့အခါ ရွှေမှုန်လေးတွေနဲ့ ထိတဲ့သူမှန်သမျှ လေပေါ်ပျံလို့ရသွားတယ်လေ။ အစောပိုင်းထွက်ရှိထားတဲ့ ဇာတ်ကားတွေမှာ ဒါကို တင်ပြထားပါတယ်။ ဒီဇာတ်ကားမှာတော့ ဒီရွှေမှုန်လေးတွေကို ဘယ်လိုပြုလုပ်တယ်ဆိုတာကနေ ဇာတ်လမ်းစထားပါတယ်။
Pixie Hollow ထဲမှာ ရွှေမှုန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ Dust Keeper တွေ ရှိပါတယ်။ သူတို့က အဲဒီအမှုန်လေးတွေကို အထူးဂရုတစိုက် ထုပ်ပိုးသိမ်းဆည်းရပါတယ်။ Magic Spell ပြင်းထန်တဲ့ ဒီအမှုန်လေးတွေဟာ မကောင်းသူတွေလက်ထဲရောက်သွားရင် အင်မတန် အန္တရာယ်ကြီးတာကိုး။
ရွှေမှုန်လေးတွေကို ဘယ်ကရသလဲဆိုတော့ အပြာရောင်မှော်အမှုန်လေး (blue pixie dust) လေးကနေ ဖန်တီးယူတာပါ။ အဲဒီအပြာရောင် အမှုန်လေးတွေက အဓိကအသက်ပါပဲ။ အဲဒိအတွက် သေသေချာချာ သိမ်းဆည်းထားပြီး အထူးတာဝန်ပေးခံရတဲ့သူတွေသာ အနားကပ်ခွင့်ရှိပါတယ်။
တစ်နေ့မှာတော့ အပြာရောင်အမှုန်လေးတွေကို သိမ်းထားတဲ့လျှို့ဝှက်ခန်းထဲကနေ သွားယူဖို့အတွက် Zarina ဆိုတဲ့ Dust Keeper လေး ကို တာဝန်ပေးလိုက်ပါတယ်။ ဒီနတ်သမီးလေးကတော့ စပ်စုစိန်လေးပါပဲ။ အရာရာကို အသစ်ဖန်တီးချင်စိတ်ရှိတဲ့ သူဟာ ရွှေရောင်အမှုန်နဲ့ အပြာရောင်အမှုန်နှစ်ခုပဲ ရှိတာကို အားမရပါဘူး။ ခရမ်းရောင်အမှုန်၊ ပန်းရောင်အမုှုန်လေးတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးချင်ပါတယ်။ အဲဒိတော့ အဓိကအသက်ဖြစ်တဲ့ အပြာရောင်အမှုန်လေးတွေကို တာဝန်ပေးခံရတဲ့နေ့မှာ နည်းနည်းခိုးယူပြီး အိမ်ကိုသယ်သွားပါတယ်။ အဲဒိနောက် လျှောက်စမ်းသပ်လိုက်တာ ပန်းရောင်အမှုန်တွေ၊ ခရမ်းရောင်အမှုန်တွေ ရလာပါပြီ။
% buffered
00:00
-00:08
Download
Your browser does not support the video tag.
ရွှေရောင်အမှုန်လေးက ပျံသန်းနိုင်အောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်။ ခရမ်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။ ပန်းရောင်အမှုန်လေးကကော ဘာအစွမ်းလဲ။ စပ်စုတဲ့ ဒီနတ်သမီး Zarina လေး ကလိလိုက်ချိန်မှာတော့ Pixie Hollow ကြီး တစ်ခုလုံး ပျက်စီးသွားပါတယ်။
အဲဒိအတွက် အလွန်အမင်း ဒေါသထွက်သွားတဲ့ Dust Keeper ကြီးက သူ့ကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ ဒီအခါ Zarina တစ်ယောက် သူ့ကိုနှင်ထုတ်ရပါ့မလားဆိုပြီး စိတ်ထဲမှာ အငြိုးတွေထားကာ သူ ခိုးထားတဲ့အထဲက ကျန်သေးတဲ့ အပြာရောင်အမှုန်လေးတွေကို ယူပြီး ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းလိုက်တဲ့အချိန်မှာတော့…..။
ဒီဇာတ်ကားဟာ အရင်က ထွက်ရှိထားတဲ့ Tinker Bell ဇာတ်ကားတွေထဲက မှော်အစွမ်းတွေ ဘယ်လိုရရှိလာသလဲဆိုတာ ရှင်းပြထားတဲ့ ဇာတ်ကားပါပဲ။ နောက်ပြီး Peter Pan ဇာတ်ကားထဲက ပင်လယ်ဓားပြကြီးနဲ့ စတင်တွေ့ဆုံပုံကိုလည်း သိရမှာပါ။
Peter Pan မှာတုန်းက သူတို့နှစ်ယောက် ရန်ဘက်ဆိုတာပဲ သိတယ်။ ဘယ်လိုကြောင့် ရန်သူတွေဖြစ်ကုန်တယ်ဆိုတာ မပါပါဘူး။ နောက်ပြီး ပင်လယ်ဓားပြကြီးလက်က ချိတ်ကြီးအကြောင်းလည်း မပါပါဘူး။ ဒီဇာတ်ကားမှာလည်း ဒါကို လျှို့ဝှက်ထားပါသေးတယ်။ နောက်ထွက်မယ့် ကားတွေမှာတော့ ပြန်ရှင်းပြမယ်လို့ မျှော်လင့်ရတာပါပဲ။
ဒါပေမယ့် ဒီဇာတ်ကားမှာ ဓားပြအုပ်စုကို တိုက်ခိုက်တတ်တဲ့ မိကျောင်းကြီးအကြောင်းကိုတော့ ရှင်းပြထားပါတယ်။ မိကျောင်းကြီးလာတဲ့အချိန်ဆို ဘာလို့ နာရီသံ တချက်ချက်မြည်တာလဲဆိုတာပါ သိခွင့်ရမှာပါ။
Disney ဟာ သူတို့ရဲ့ ထုံးစံအတိုင်း အရုပ်လှလှ၊ ရှုခင်းလှလှလေးတွေနဲ့ ကာတွန်းကားတွေ ဖန်တီးလေ့ရှိတဲ့အတွက် မိန်းကလေးတွေ အကြိုက်တွေ့ကြပါတယ်။ ဒီဇာတ်ကားဟာလည်း မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ကားကောင်းလေးတစ်ကားပါပဲ။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ….။