-
Movie Name
-
Rock Dog (2017)
-
Year
-
2017
-
Generes
-
Animation
-
Code
-
AN0132
-
Type
-
Movie
-
Size
-
651 MB
-
Country
-
Hollywood
-
Description
-
016 မှာထွက်ထားတဲ့ကာတွန်းတစ်ကားဖြစ်ပြီး တရုတ်-အမေရိကန်ဖက်စပ်ဖြစ်ပါတယ်…
IMDb 5.5 ရရှိထားပြီး ကာတွန်းကားကြိုက်သူတွေအတွက် ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..
တရုတ်တို့ထုံးစံအတိုင်း ကွန်ဖူးအနည်းငယ်ပါသလို သိုးတွေရဲ့ထုံးစံအတိုင်း အရာရာကို မေ့တတ်ပြီး
အပူအပင်ကင်းတဲ့ပုံစံပုံဖော်ထားတာကြောင့် ဟာသရောထားတဲ့ဇာတ်ကားလို့ ဆိုရမှာပါ..
% buffered
00:00
-00:08
Download
Your browser does not support the video tag.
ဇာတ်လမ်းအကျဉ်းကတော့… နှင်းတောင်တန်းတစ်ခုပေါ်မှာ သိုးတွေစုဝေးနေထိုင်ကြတဲ့မြို့တစ်မြို့ရှိပါတယ်..
သူတို့ဟာ ပူပင်ကြောင့်ကြမှုကင်းစွာနဲ့ သီချင်းလေးတီးလိုက် ဆိုလိုက်..
သိုးမွှေးတွေထုတ်လုပ်လိုက်နဲ့ ငြိမ်းချမ်းနေကြသူတွေပါ…
သူတို့ကို စောင့်ကြပ်ပေးတဲ့မြို့စောင့်ကြီးကတော့ Khampa လို့ခေါ်တဲ့ တိဗက်ခွေးတစ်ကောင်ပဲဖြစ်ပါတယ်..
အဲဒီခွေးတွေဟာ မျိုးရိုးစဉ်ဆက် မြို့စောင့်အလုပ်ကို လုပ်ခဲ့ကြသူတွေဖြစ်ပြီး သိုင်းပညာတတ်ကျွမ်းသူတွေပါ…
လောကကြီးမှာ ကိုယ်က ဘယ်လောက်ပဲ ငြိမ်းချမ်းပျော်ရွှင်နေပါစေ…
ဒါကို ဖျက်စီးမယ့်အနှောင့်အယှက်ဆိုတာ ရှိစမြဲပါ..
အဲလိုပဲ သိုးတွေရဲ့မြို့ကို အပိုင်သိမ်းပြီး စားသောက်ပစ်ဖို့ အမြဲချောင်းနေတဲ့ဝံပုလွေအုပ်ကြီးရှိပါတယ်
သူတို့မြို့ကို ကျူးကျော်တိုက်ခိုက်ပေမယ့်လည်း Khampa ကြောင့် အမြဲနောက်ဆုတ်ပြီး
ပြေးရတာမို့ Khampa ကိုတော့ အသေကြောက်ရပါတယ်..
Khampa မှာ Bodi လို့ခေါ်တဲ့ သားတစ်ကောင်ရှိပြီး သူကတော့ တိုက်ခိုက်ဖို့စိတ်မဝင်စားသူဖြစ်ပါတယ်..
သူစိတ်ဝင်စားနှစ်ခြိုက်တာကတော့ ဂီတဖြစ်ပြီး သိုင်းလေ့ကျင့်ရာမှာ အသုံးမကျတဲ့ခွေးတစ်ကောင်ပါ..
Khampa ကဝံပုလွေရန်က ကာကွယ်ဖို့ သိုးတွေနဲ့စစ်တပ်ဖွဲ့စည်းပြီး Bodi ကို
သူ့နေရာမှာ တာဝန်ထမ်းဆောင်စေချင်ပေမယ့် Bodi တစ်ကောင်ကတော့
တူရိယာတွေ တီးခတ်ဖို့သာ စိတ်အားထက်သန်နေပါတယ်..
ဒါကြောင့် Khampa ဟာ ရှိသမျှ တူရိယာအားလုံးကို သော့ခတ်သိမ်းဆည်းပစ်လိုက်တဲ့နောက်
မြို့တစ်ခုလုံးဟာ တိတ်ဆိတ်ခြောက်ကပ်လို့နေပါတော့တယ်…
တစ်ရက်တော့ Bodi ဟာ ငှက်တွေနောက်ကို ပြေးလိုက်ရင်းနဲ့ လေယာဉ်ပေါ်က ပြုတ်ကျလာတဲ့
ရေဒီယိုတစ်လုံးကို ကောက်ရမိတာကစပြီး ရော့ခ်ဂီတသမားလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..
သူ့အဖေနဲ့ အတိုက်အခံဖြစ်ပြီးနောက် မြို့ပေါ်ကို သွားခွင့်ရသွားတဲ့ Bodi ဟာ ရော့ခ်ဘုရင် Angus ဆီမှာ
တပည့်ခံဖို့ ကြိုးစားပေးမယ့် Angus က သူ့ကို အသုံးချပြီးနောက် အသိအမှတ်ပြုဖို့ ငြင်းဆိုခံလိုက်ရတယ်…
ဒီအချိန်မှာပဲဝံပုလွေတွေကBodi ကို ဖမ်းပြီး စစ်တပ်အကြောင်း စစ်မေးရာက
သိုးတွေနဲ့ ဟန်ဆောင်ထားတာဖြစ်တာကို သိလိုက်ရတော့ မြို့ကို ဝင်စီးကြပါတယ်…
ဒီတစ်ခါတော့ Khampa က မြို့ကို အောင်မြင်စွာ ကာကွယ်နိုင်မလား..ဝံပုလွေတွေကနိုင်သွားမလား…
Bodi ရော ဘာဆက်လုပ်မလဲဆိုတာကိုတော့ အောက်ကလင့်အတိုင်း ကြည့်ရှုနိုင်ပါတယ်..
အဆုံးသတ်ကြိုမှန်းလို့ရတဲ့ ခပ်ရှင်းရှင်းဇာတ်ကားတစ်ခုဖြစ်တာကြောင့်
အများကြီးမျှော်မှန်းထားတဲ့ပရိသတ်အတွက်တော့ ပျင်းစရာဖြစ်နိုင်ပေမယ့် Bodi နဲ့ Angus ရဲ့ကြားထဲကပြဿနာတွေ..
သိုးတွေရဲ့တလွဲအကျင့်တွေနဲ့ အရွှန်းဖောက်ထားပေးတာကြောင့်
ကြည့်ချင်စရာမကောင်းတဲ့ဇာတ်မျောကြီးဖြစ်မသွားပါဘူး….
သိပ်မတွေးချင်ဘဲ ခပ်ပေါ့ပေါ့အပျင်းပြေကြည့်ဖို့အတွက်နဲ့ ခေါင်းဆေးဖို့အတွက်တော့
လုံလောက်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာ သေချာပါတယ်