-
Movie Name
-
Sahara (2017)
-
Year
-
2017
-
Generes
-
Animation, Comedy
-
Code
-
AN0134
-
Type
-
Movie
-
Size
-
653 MB
-
Country
-
Hollywood
-
Description
-
ပူပြင်းခြောက်သွေ့တဲ့သဲကန္တာရထဲမှာ မြွေအုပ်စု ၂ ခုရှိပါတယ်..
လှပတဲ့မြွေစိမ်းတွေက အိုအေစစ်နား အရိပ်အာဝါသတစ်ခုကိုခိုလှုံရင်း လူသူအနှောင့်အယှက်ကင်းဝေးစွာ နေထိုင်ကြပါတယ်..
နောက်မြွေတစ်မျိုးဖြစ်တဲ့မြွေဟောက်တွေကတော့ ကန္တာရထဲမှာပဲ ကျင်လည်ကျက်စားပြီး ပြိုင်ဆိုင်မှုပြင်းထန်ကာ
စားဝတ်နေရေးခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ မြွေတွေပါ …
ကျိကျိတက်ချမ်းသားတဲ့ သူဌေးတွေနဲ့ လမ်းဘေးက ဒုစရိုက်နယ်မြေလိုပေါ့ဗျာ..
ဒီကာတွန်းကားကတော့ အဂျားလို့ခေါ်တဲ့ မြွေဟောက်ငယ်လေးရဲ့ အချစ်အတွက် စွန့်စားခန်းကိုရိုက်ထားတာပါ..
သူဟာ အရေခွံတောင်မလဲရသေးတဲ့ မနူးမနပ်မြွေဖြစ်တာကြောင့် အမြဲအနိုင်ကျင့်ခံနေရသူဖြစ်ပါတယ်..
တစ်နေ့မှာတော့ အစိမ်းရောင်တွေလူးပြီး မြွေစိမ်းအယောင်ဆောင်ကာ မြွေစိမ်းတွေနယ်မြေဆီမှာ နေထိုင်ဖို့ ထွက်လာခဲ့တယ်..
အဲဒီနယ်မြေက အပြင်လူဝင်တာနဲ့ အပြတ်ရှင်းမယ့်ကောင်တွေ စောင့်ကြပ်နေတယ်..
အဲလိုသွားရင်းနဲ့ အီဗာလို့ခေါ်တဲ့ မြွေစိမ်းမလေးနဲ့ဆုံပါလေရော..
အီဗာဆိုတာက အိုအေစစ်တဝိုက်မှာ အချမ်းသာ အကြွယ်ဝဆုံးနဲ့ အာဏာအရှိဆုံးမြွေသူဌေးကြီးရဲ့ သမီးတော်…
သူက ချမ်းသာမှုနဲ့ လုံခြုံသက်သာမှုကို ရွံမုန်းပြီး အစဉ်အလာကိုဆန့်ကျင်ချင်သူ..
စီစဉ်ထားတဲ့လက်ထပ်ပွဲကိုရှောင်လွှဲချင်သူ.. ကန္တာရထဲမှာ ဘာတွေရှိလဲဆိုတာကို စူးစမ်းချင်သူ မြွေဂျစ်မလေး..
ဒီလိုနဲ့ အဂျားနဲ့အီဗာတွေ့ကြပါလေရောဗျာ..
အီဗာတစ်ယောက် နယ်မြေထဲက ခိုးထွက်ရင်း ကန္တာရခရီးသွားအာရပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့အခါမှာတော့
အဂျားတစ်ကောင်ဟာ သူ့သူငယ်ချင်း ပစ်ဆိုတဲ့ကင်းမြီးကောက်ကို အဖော်ပြုရင်း
အချိန်မရွေးသေသွားနိုင်တဲ့ ဆာဟာရခရီးကြမ်းကြီးကို စတင်ခဲ့ပါတော့တယ်..
ကြောက်လန့်တုန်လှုပ်စရာခရီးတစ်ခုကို အချစ်ကြောင့် အသက်ပင်သေသေ စွန့်စားခဲ့တဲ့ အဂျားရဲ့ခရီးစဉ်ကြောင်
ဒီ sahara ဆိုတဲ့ ကာတွန်းကားဖြစ်လာရတာပေါ့ဗျာ..
(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Nyi Thanlwin ပဲဖြစ်ပါတယ်)