-
Movie Name
-
The Emoji Movie (2017)
-
Year
-
2017
-
Generes
-
Animation, Comedy
-
Code
-
AN0160
-
Type
-
Movie
-
Size
-
701 MB
-
Country
-
Hollywood
-
Description
-
ဇာတ်လမ်းလေးကတော့ စမတ်ဖုန်းအသုံးပြုသူတိုင်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စိတ်ခံစားမှုပေါင်း များစွာကို ဖော်ပြပေးတဲ့ Emoji ရုပ်လေးတွေအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး အဓိကကတော့ ဂျင်းန်ဆို တဲ့ အီမိုဂျိလေးရဲ့အကြောင်းပါ။
တက်စ်တိုပိုလီလို့ခေါ်တဲ့ ပျားပန်းခပ်မျှ ရှုပ်ယှက်ခတ်နေတဲ့ မြို့တော်ကြီးမှာ အီမိုဂျိ ပေါင်းများစွာနေထိုင်ပြီး ဖုန်းသုံးစွဲသူတွေ ရွေးချယ်အသုံးပြုခံ ရဖို့အတွက် တမျှော်မျှော်နဲ့ စောင့် နေတာပါ။ အီမိုဂျိကမ္ဘာမှာဆိုရင် စိတ်ခံစားမှု တစ်ခုချင်းစီအလိုက် အီမိုဂျိလေးတွေရှိပေမယ့် ဂျင်းန်ကတော့ အများနဲ့မတူ တစ်မူထူး နေခဲ့ပါတယ်။
ဘာကြောင့်လဲဆိုရင် သူ့မှာခံစားမှုတစ်ခုခုကို သီးသန့်ဖော်ပြတာမျိုးမရှိဘဲ ခံစားမှုမျိုးစုံကို ပြောင်းလဲနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်ကို အလိုမကျတဲ့ ဂျင်းန်ဟာ သူ့မိဘတွေလို၊ တခြားအီမိုဂျိလေးတွေလိုမျိုး ဖြစ်ချင်တာ ကြောင့် သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Hi -5 ရယ်၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကုတ်ဖျက် သမား အီမိုဂျိဂျေးလ်ဘရိတ်ကာ ရဲ့အကူအညီနဲ့ ပြောင်းလဲပစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီလိုနဲ့ သူတို့သုံးယောက် ပေါင်းပြီး ဂျင်းန်ရဲ့စိတ်ခံစားမှု ဖော်ပြချက် ပြောင်းလဲပေးနိုင် မယ့် ကွန်ပျူတာကုတ်ကို ရှာကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဖုန်းထဲမှာရှိနေတဲ့ အီမိုဂျိလေးတွေရဲ့ ကံကြမ္မာက အန္တရာယ်ရှိတဲ့အနေအထားကို ရောက်လာနေကာ ဖုန်းထဲကနေ အားလုံးပျောက် ကွယ်သွားမယ့် အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားမှုအတွက် ကုတ်ပြင်ချင်တဲ့ ဂျင်းန်တစ်ယောက် အီမိုဂျိတွေ လုံးဝပျောက်သွားမယ့် အနေအထားကို ဘယ်လိုကျော်ဖြတ်မှာလဲ၊ကုတ်တွေ မပျောက်မပျက်နဲ့ အီမိုဂျိလေးတွေကို ကယ်တင်နိုင်ဖို့ ဂျင်းန်တို့သုံးယောက်အပေါ် မူတည်လာ တဲ့အခါမှာ ဘာတွေဆက်ဖြစ်မှာလဲ စိတ်ဝင်စားစရာပါ။
မက်ဆေ့ချ်ပဲပို့ပို့၊ လူမှုကွန်ရက်တွေမှာပို့စ်ပဲတင်တင် မဖြစ်မနေသုံးကြတဲ့ ချစ်စရာအီမိုဂျိ လေးတွေရဲ့ဘဝကို စိတ်ကူးယဉ် ပုံဖော်ထားတာမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။
ဒီဇာတ်ကားမှာ အသံသရုပ် ဆောင်ထားသူတွေကတော့ တီ ဂျေမစ်လာ၊ ဂျိမ်းစ်ကော်ဒန်၊ အန်နာဖဲရစ္စ၊ မာယာရူဒေါ့ဖ်၊ စတီဗင် ရိုက်၊ ဂျနဖာကူးလစ်ချ်စသူတွေပဲ ဖြစ်ပါတယ်။