-
Movie Name
-
The LEGO Batman (2017)
-
Year
-
2017
-
Generes
-
Animation
-
Code
-
AN0149
-
Type
-
Movie
-
Size
-
748 MB
-
Country
-
Hollywood
-
Description
-
2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်.
ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲက
ဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာ
ဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင်
အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေ
တစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင်
ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်…
DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB Entertainment
Lego ကုမ္ပဏီ တို့ ပေါင်းပြီး
Lego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကို
တင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းက
ဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့
Lego Minifigures collectorsတွေကြားရေပန်းစား
ခဲ့ပြီး ဖြစိပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့်
Batman ရဲ့ respect ကို ရယူချင်တဲ့
Joker ဟာအကြံအစည်သစ်တစ်ခုနဲ့
ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့
အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ်
ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက်
ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ဘာဘရာ(Bat Girl)
Robin(Dick Grason)တို့ရဲ့ အကူအညီနဲ့
တားဆီးကာကွယ်ဖို့ကြိုးစားရပါတော့တယ်
ဆြာဘတ်က ဂျိုကြီးကို ဘယ်လိုများစိမ်းကားရက်စက်လိုက်လဲ
Phantom Zone ထဲကကျလာမယ့်
ရင်းနှီးပြီးသား ဗီလိန်ကြီးတွေကရော ဘယ်သူတွေဖြစ်မလဲ
ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်ကြည့်အြီး
ရယ်မောပျော်ရွှင် ဘဝအမောတွေပြေနိုင်ကြပါစေလို့
ညွှန်းပေးလိုက်ပါရစေခင်ဗျာ…