-
Movie Name
-
The Nut Job 2 Nutty By Nature (2017)
-
Year
-
2017
-
Generes
-
Animation
-
Code
-
AN0151
-
Type
-
Movie
-
Size
-
701 MB
-
Country
-
Hollywood
-
Description
-
အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ ထွက် ကာတွန်းကားလေးတစ်ကားဖြစ်တဲ့ The Nut Job 2: Nutty by Nature ဆိုတဲ့ကားလေးပါ
ရှဉ့်လေးတွေအကြောင်းကို ရိုက်ထားတဲ့ကားလေးပါ
သဘာဝအတိုင်းချစ်စဖွယ်ရှဉ့်လေးတွေဟာ စွန့်ပစ်ထားတဲ့ အခွံမာသီးဆိုင်ကိုတွေ့ပြီးကိုယ်တိုင်ရှာဖွေမစားသောက်တော့ဘဲ ဒီဆိုင်မှာပဲ စားသောက်ပျော်ရွှင်မိန်းမောနေကြပါတယ်
သူတို့ခေါင်းဆောင် ဆာလီအပါအဝင်ပေါ့
ဒါကို ဘဝင်မကျဘဲ သူတို့နေနေကျ ပန်းခြံထဲမှာ သဘာဝအတိုင်းပြန်နေပြီး အစာကိုရှာဖွေစားသောက်ချင်တာကတော့ ရှဉ့်မလေး အန်ဒီပါ
တနေ့တော့ သူတို့နေနေတဲ့ အခွံမာသီးဆိုင်ဟာ ပေါက်ကွဲသွားပါတော့တယ်
% buffered
00:00
-00:03
Download
Your browser does not support the video tag.
သူတို့ပြန်လည်ရုန်းကန်ရှာဖွေစားသောက်ချိန်တွေ ရောက်လာပါတယ်
ဒီအချိန်မှာပဲလာဘ်စားတတ်တဲ့ မြို့ဝန်ကတော့ သူတို့ကျက်စားရာ သဘာဝပန်းခြံလေးကိုအမြတ်ထုတ်ဖို့ရာ ကစားကွင်းအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားပါတယ်
ဒီတော့ ရှဉ့်လေးတွေ သူတို့ပိုင်တဲ့ ပန်းခြံကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ ဆိုတာတော့
ကြည့်ရှုအားပေးကြပါ
ဒီဇာတ်ကားလေးက IMDb 4.6 ရရှိထားပါတယ်
ဒါ့အပြင် ဂျက်ကီချမ်းကလဲ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်
စွန့်စားခန်းတွေ ပျော်စရာခန်းတွေ ဝေဝေဆာဆာနဲ့ ကာတွန်းလေးပါ