-
Movie Name
-
The Wild Life (2016)
-
Year
-
2016
-
Generes
-
Animation
-
Code
-
AN0154
-
Type
-
Movie
-
Size
-
777 MB
-
Country
-
Hollywood
-
Description
-
လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တဝါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။
တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘဝလေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်…။ ဇာတ်လမ်းအညွန်းနဲ.ဘာသာပြန်သူကတော. Myo Myint Maung ဖြစ် ပြီ ကွာလတီ ကောင် း ကောင် းနဲ့ ကြည့်ရ အောင် Encode ပေးတာက တော့ Than Htike ပဲဖြစ်ပါတယ်