Movie Name
Story Of Yanxi Palace
Year
2019
Generes
Drama, Historical
Code
SC0141
Type
Series
Size
42.2 GB
Country
China
Description
ရန့်ရှီနန်းတော်ပုံပြင် Story of YanXi Palace (2018) ⛩ TYMMtv ပရိသတ်များကို "2018 တစ်နှစ်တာလုံးအတွက် Google မှာ ရှာဖွေမှုအများဆုံး တရုတ် ဇာတ်လမ်းတွဲ"ဖြစ်တဲ့ (Story of YanXi Palace) ကို တင်ဆက်ပေးချင်ပါတယ် အပိုင်း(၇၀) ပါပေမယ့် တခြားနန်းတွင်းကားတွေလို မင်းသမီးပဲ အနိုင်ကျင့်ခံရပြီး ပြန်လက်တုံ့ပြန်ဖို့ ကြားထဲမှာ အရစ်ရှည်တွေတာတွေမပါဘဲ တုန်ပြန့်မှု မြန်တဲ့အတွက် ကြည့်သူကို အားရစေသလို ဟာသလေးရော အချစ်ဇာတ်ရောပါပြီး မိန်းကလေးတယောက်ရဲ့ကြံ့ခိုင်စိတ် ရဲရင့်စိတ် အခြေနေအချိန်ခါကြည့်ပြီး ထက်မြက်ပါးနပ်စွာ လုပ်ဆောင်နိုင်ခြင်းတို့အပြင် နန်းတွင်းနောက်ခံအပြင်ဆင်တို့ အဝတ်စားတို့ လက်ဝတ်ရတနာတို့ မိတ်ကပ်အပြင်ဆင်တို့ကအစ တကယ့်အဲ့ခေတ်ကပုံစံအတိုင်း လုပ်ထားတဲ့အတွက် တပိုင်းပြီး တပိုင်းကြည့်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ် 🌟ဒီဇာတ်ကားနဲ့ပတ်သတ်တဲ့ အောက်ကဇာတ်လမ်းအညွှန်းကိုတော့ Cpop Cdrama Fans Myanmar မှ ခွင့်ပြုချက်ယူပြီး ကူးယူတင်ပြပါတယ် 2018 မှာ တရုတ်ဇာတ်လမ်းတွဲတွေ အများကြီးထွက်ရှိခဲ့ပါတယ် Ashes of Love၊ Legend of FuYao တို့လို Fantasy ဇာတ်လမ်းတွဲတွေ၊ Meteor Garden (F4) လိုလူငယ်တွေအကြိုက် ဇာတ်လမ်းတွဲတွေ၊ The Negotiator လို လုပ်ငန်းခွင်အခြေခံကားမျိုးတွေ စသဖြင့်ထွက်လာခဲ့ပါတယ် ဒါပေမဲ့ Google က ထုတ်ပြန်လိုက်တဲ့ 2018 တစ်နှစ်တာမှာ Google အရှာခံရဆုံး TV အစီအစဉ် စာရင်းမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဦးဆောင်ခဲ့တာကတော့ တရုတ် နန်းတွင်းဇာတ်လမ်းတွဲဖြစ်တဲ့ “Story of YanXi Palace” ဖြစ်ပါတယ် 🏅📺🌏 📰Synopsis ဇာတ်လမ်းအကျဉ်းကတော့ - ၁၈ ရာစု ချင်မင်းဆက်ခေတ် အင်ပါယာ (ချန်လုံ)ရဲ့နန်းတွင်းထဲကို (ဝေ့ရင်းလော့) ဆိုတဲ့ အကင်းပါးပြီး ထက်မြက်တဲ့မိန်းကလေးတစ်ယောက် ဝင်ရောက်လာပါတယ် သူနန်းတွင်းထဲရောက်လာတာကလည်း မတရား အသတ်ခံလိုက်ရတဲ့ သူ့အစ်မရဲ့အမှုက တရားခံကို ရှာဖွေဖို့ပါ အဲ့ဒီအတွက် (ဝေ့ရင်းလော့) ဟာ နန်းဆောင်ထဲနေရာရဖို့ ကြိုးစားပါတော့တယ် မျိုးရိုးနိမ့်တဲ့ မိသားစုကဖြစ်ပေမယ့် တခြားနန်းတွင်းအစေခံတွေလိုမဟုတ်ဘဲ ရည်မှန်းချက်ကြီးမားပြီး နန်းတွင်း အားပြိုင်မှုတွေကြား ပါးပါးနပ်နပ်နေရာရအောင်ယူပြီး (တော်ဝင် သွေးမပါတဲ့ အမျိုးသမီးတစ်ယောက်အတွက်) အမြင့်ဆုံးရာထူးဖြစ်တဲ့ တော်ဝင်မိဖုရား ဖြစ်လာခဲ့တဲ့အကြောင်းပါ ဒီထဲမှာ မိဖုရားခေါင် ၊ မိဖုရားအဆင့်ဆင့်၊ စစ်သူကြီးတွေ ကုန်းကုန်းတွေ နန်းတွင်းအမှုထမ်းတွေကြားကနေ ရှုပ်ထွေးတဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ (ဝေ့ရင်းလော့) ကို မြင်တွေ့ရမှာပါ။ ✨ Palace Drama 👑 ဇာတ်လမ်းက ဆန်းသစ်တဲ့အကြောင်းအရာတော့မဟုတ်ပါဘူး တရုတ်တွေကော တရုတ်ကားကြည့်တဲ့ ပရိသတ်တွေကောက ဒီလိုမျိုး Palace Drama - နန်းတွင်းဇာတ်လမ်းတွဲတွေအများကြီး ကြည့်ဖူးခဲ့ပြီးပါပြီ ဒီလိုကားတွေရဲ့အစပျိုးဖြစ်တဲ့ 2004 ခုနှစ်ထွက် ဟောင်ကောင်ဇာတ်လမ်းတွဲ “War and Beauty” – “အလှနဲ့ အတ္တစစ်ပွဲ” ဆိုရင် နိုင်ငံတကာမှာကော မြန်မာပြည်မှာပါ နာမည်ကြီးခဲ့ပါတယ် ထူးခြားတဲ့ တရုတ်နန်းတွင်း ယဉ်ကျေးမှုတွေ၊ အထူးသဖြင့် မိဖုရားတွေရဲ့လက်က ရွှေရောင်လက်သည်းရှည်ကြီးတွေ စသဖြင့် အများကြီး လေ့လာနိုင်ခဲ့တဲ့ကားဖြစ်ပါတယ် အဲ့ဒီနောက်ပိုင်းလည်း နန်းတွင်း နောက်ခံ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ရှိလာခဲ့ပေမယ့် ဒီ Story of Yanxi Palace ကဘာတွေ ထူးခြားခဲ့လို့ လဲ❓🔎 Casting👥 Story of Yanxi Palace ဇာတ်လမ်းဟာ မင်းသား မင်းသမီးတွေရဲ့Star power ကို အလွန်အကျုး အားပြုခဲ့တဲ့ကားမဟုတ်ပါဘူး အဓိက မင်းသမီးဖြစ်တဲ့ Wu Jin Yan ဆို ဒီကားရှေ့မှာ ပေါက်ခဲ့တာဆိုလို့ တစ်ကားပဲရှိပါတယ် နန်းတွင်းထဲက မိဖုရားခေါင်တွေအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးတွေကတော့ Beauty and War ကားမှာပါဖူးတဲ့ ဟောင်ကောင်မင်းသမီး Charmaine Sheh နဲ့ My Fair Princess မှာပါဖူးတ့ Qin Lan တို့ပါ ဒီ မိဖုရားခေါင် ၂ ယောက်က ဇာတ်လမ်းထဲမှာ အလွန်အရေးပါခဲ့ပါတယ် မင်းသားတွေဆိုလည်း ဧကရာဇ် ချန်လုံအဖြစ် သရုပ်ဆောင်တဲ့ Nie Yuan ပဲ ဝါရင့်ပါပါတယ် သူ့ကို မြန်မာပြည်မှာ အရင်ကမြဝတီမှာလာတဲ့ ( နှင်းတောင်သူရဲကောင်း) ကားထဲက မင်းသားဆို သိကြမယ်ထင်ပါတယ် မိဖုရားခေါင်ရဲ့မောင်တော်စပ်ပြီး မင်းသမီးနဲ့ ရင်းနှီးမှုရှိလာမယ့် လူငယ်ဖြစ်တဲ့ Xu Kai ဆိုရင် ဒီကားနဲ့မှ ပေါက်သွားတယ်လို့ ပြောလို့ရပါတယ် Detailed-Historical Fact ✍️ Story of Yanxi Palace ရဲ့ထူးခြားချက်ကတော့ သမိုင်းအချက်အလက်ကို အသေးစိတ် ဦးစားပေးလုပ်ဆောင်ခဲ့တာကို တွေ့ရပါမယ် တရုတ်နန်းတွင်းကားတွေမှာ မြင်တွေ့နေကြ ဝတ်စုံတွေ အသုံးအဆောင်တွေနဲ့မတူပဲ တမူထူးခြားခဲ့တဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေကြောင့် အာရုံစိုက်မှုတွေရရှိခဲ့ပါတယ် သာဓကအနေနဲ့ နန်းတွင်းထဲက အမျိုးသမီးတွေဝတ်ဆင်ထားတဲ့ ၃ ဆင့်နားဆွဲဆိုရင် ဒီဇာတ်လမ်း အခြေတည်ထားတဲ့ ချင်မင်းဆက်ခေတ်ရဲ့မန်ချူးယဉ်ကျေးမှုကို သိသာစေခဲ့ပါတယ် မင်းသမီး Wu Jin Yan ရဲ့မိတ်ကပ်ခြယ်သမှုကိုလည်း သမိုင်းအထောက်အထားပန်းချီကားတွေထဲက အတိုင်း အနီးစပ်ဆုံး ပြင်ဆင်ခြယ်သခဲ့တာပါ ဒီဇာတ်ကားထဲက အပျိုတော်၊ မိဖုရား၊ မိဖုရားခေါင်၊ ဧကရီ အဆင့်ဆင့် တို့ရဲ့ အဝတ်အစားတွေ ၊ အသုံးအဆောင်လက်ကိုင်ပုဝါကအစ၊ ဆံထုံးပုံတွေ၊ ဆံထိုးတွေ စသဖြင့် အကုန်လုံးနီးပါးကို တကယ့်နန်းတွင်းပြတိုက်ထဲကအတိုင်း ထုတ်လုပ်ဖန်တီးထားပါတယ် Settings တွေကိုလည်း သဘာဝကျအောင် ပြင်ဆင်ထားခဲ့တာကြောင့် အတုအယောင် settings တွေကို စိတ်ပျက်နေတဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ် Yanxi Palace ဇာတ်ကားရဲ့အနုပညာဆိုပြီး အဲ့ဒီကားထဲက ဇာတ်လိုက်တွေ ဝတ်ဆင်တဲ့အရောင်တွေဖြစ်တဲ့ Ash Blue အရောင်၊ ဆင်စွယ်ရောင်နဲ့ နီညိုရောင်တွေဟာ တရုတ်မိန်းကလေးတွေကြား ဖက်ရှင် ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့တဲ့အထိပါပဲ 🔥ဒီကားရဲ့နောက်ထပ်ထူးခြားချက်ကတော့ အဓိကဇာတ်ကောင် (ဝေ့ရင်းလော့) ရဲ့ရည်မှန်းချက်ကြီးမှု နဲ့ ထက်မြက်မှုပါ နန်းတွင်းဇာတ်လမ်းတွဲအများစုလို အလွန်အကျုး အားနွဲ့တဲ့ပုံဖော်မှုတွေအစား (ဝေ့ရင်းလော့) ဟာ စိန်ခေါ်မှုတွေကို သွေးအေးအေးရင်ဆိုင်ခဲ့ပြီး နန်းဆောင်ထဲက အန္တရာယ်တွေကြားက နေ ထိပ်ဆုံးကိုရောက်သွားခဲ့တဲ့ဇာတ်ကောင်ဟာ ပရိသတ်တွေကြားမှာ ထူးခြားတဲ့ ဇာတ်ကောင်ဖြစ် လာပါတယ် ဒီကား ထုတ်လွှင့်နေတဲ့အချိန်မှာ Me Too လှုပ်ရှားမှု အရှိန်ရနေတဲ့အချိန်လည်းဖြစ်တာကြောင့် (ဝေ့ရင်းလော့) ဇာတ်ကောင်ဟာ တရုတ် Feminist တွေကြား ရေပန်းစားလာခဲ့ပါတယ် ဒါ့အပြင် အမျိုးသားတွေကြီးစိုးတဲ့ခေတ်မှာ အမျိုးသမီးတွေရဲ့နန်းတွင်းချုပ်ကိုင်မှု အာဏာပြိုင်မှု အကြောင်း ရိုက်ပြတဲ့ဇာတ်အိမ်ကြောင့် နိုင်ငံရေး လူမှုရေး ရှုထောင့်တွေကနေ ဒီကားအကြောင်း ဆွေးနွေးလာကြတာတွေကလည်း ဒီကားကို ပိုနာမည်ကျော်စေခဲ့ပါတယ် Story of Yanxi Palace ရဲ့အောင်မြင်မှု🍾🏆💹 တရုတ်ရဲ့Netflix လို့တင်စားကြတဲ့ IQIYI ကနေ ဒီကားကို ထုတ်လွှင့်ပြသရာမှာ ပထမဆုံးအပိုင်းမှာတင် ကြည့်ရှုမှုအကြိမ်ရေ သန်း ၅၃၀ (530 Millions) ရှိခဲ့ပြီး အပိုင်း ၇၀ ပြသပြီးတဲ့နောက် စုစုပေါင်း ကြည့်ရှုမှုအကြိမ်ရေ 15 Billion အထိရှိခဲ့ပါတယ် (1 ဘီလီလျံ = သန်း ၁၀၀၀) ဒီအရေအတွက်ဟာ စံချိန်တင်ကြည့်ရှုမှုနှုန်းဖြစ်ပြီး IQIYI ဟာ နိုင်ငံပေါင်း ၇၀ ကျော်ကို ဒီဇာတ်ကားပြသခွင့် ရောင်းချခဲ့ရပါတယ် Google မှာ ရှာဖွေမှုအများဆုံး ဇာတ်ကားလည်းဖြစ်ပါတယ် တရုတ်ပြည်မှာ Google ဟာ VPN မကျော်ပဲ သုံးဖို့ခက်တာကြောင့် ဒီအဖြေက နိုင်ငံတကာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ထင်ဟပ်စေပါတယ် ဒါတင်မကသေးပဲ ဒီ Yanxi Palace ဇာတ်လမ်းတွဲကြောင့် Beijing မှာရှိတဲ့ Forbidden City နန်းတွင်းကို လာရောက်လည်ပတ်သူတွေလည်း တိုးလာပါသေးတယ် Yanxi Palace ဇာတ်ဝင်ခန်းနေရာတွေ ရိုက်ကူးခဲ့တဲ့ နန်းဆောင်တွေမှာဆိုရင် ခရီးသွားတွေ ဓာတ်ပုံရိုက်ဖို့ တဖွဲဖွဲ လာရောက်နေကြပါတယ်📸 (ဗဟုသုတ) by TYMMtv နန်းတွင်းထဲက မိဖုရားတွေရဲ့ရာထူးကို အဆင့်လိုက်နဲ့ အသုံးနှုန်း အဆင့်၁ * မိဖုရားခေါင်* … တယောက်တည်း အဆင့်၂ * ဟွမ်ကွေ့ဖေး* … တယောက်တည်း အဆင့်၃ * ကွေ့ဖေး* … နှစ်ယောက်ထားနိုင် အဆင့်၄ * ဖေး* … လေးယောက်ထားနိုင် အဆင့်၅ * ဖင်* … ခြောက်ယောက်ထားနိုင် အဆင့်၆ * ကွေ့ရန်* … အကန့်သတ်မရှိထားနိုင် အဆင့်၇ * ချန်ကျိုက်* … အကန့်သတ်မရှိထားနိုင် အဆင့်၈ *သားရင့်* … အကန့်သတ်မရှိထားနိုင် အဆင့်၉ အနိမ့်ကျဆုံး * ကွမ်းနွီကျီ* … အကန့်သတ်မရှိထားနိုင်