-
Movie Name
-
The Death Of Superman (2018)
-
Year
-
2018
-
Generes
-
Animation, Sci-Fi
-
Code
-
AN0165
-
Type
-
Movie
-
Size
-
650 MB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေတဲ့ The Death of Superman ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို July 24 မှာထုတ်လွှင့်မယ်လို့ ကြေငြာထားပေမယ့် Online ပေါ်မှာ Leaked ဖြစ်ပြီး တစ်လလောက်စောပြီးထွက်လာခဲ့တာကို DC Fan တွေမှန်ရင်သိကြမှာပါ။ ဒါပေမယ့် စာဖိုင်ကတော်တော်နောက်ကျမှထွက်လာတဲ့အတွက် အခုချိန်မှတင်ဆက်ပေးနိုင်တာပါ။ ဒီဇာတ်ကားဟာ New 52 ကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတဲ့ DCAU ရဲ့၁၁ကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့ Title ကိုမြင်တာနဲ့ ဇာတ်လမ်းဘယ်လိုဆိုတာ သိနိုင်တဲ့အတွက် အများကြီးညွှန်းဆိုစရာမလိုဘူးလို့ ထင်ပါတယ်။
ဇာတ်လမ်းအကျဉ်း
==========
Justice League ရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့အတူ ငြိမ်ချမ်းစပြုနေတဲ့ကမ္ဘာကြီးကို ထူးဆန်းတဲ့ဥက္ကာပျံတစ်စင်း ကျရောက်လာပါတယ်။ အဲဒီဥက္ကာပျံထဲမှာ ပါလာတဲ့သူကတော့ Superman ရဲ့ရန်သူတော်ကြီး Doomsday ပါဝင်လာပါတယ်။ Doomsday ဟာဖျက်ဆီးဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့သာ အဖန်တီးခံခဲ့ရတဲ့ အဖျက်လက်နက်ကြီးတစ်ခုပါ။ ကမ္ဘာကြီးပေါ်ကျရောက်လာတဲ့ အဲဒီအဖျက်လက်နက်ရန်စွယ်တွေကနေ Justice League ကရောကယ်တင်နိုင်ပါ့မလား။ ဘယ်သူတွေရဲ့အသက်တွေကို ဘယ်လိုပေးဆပ်ရဦးမှာလဲ ဆိုတာတော့….။
တစ်ခုသတိပေးထားချင်တာကတော့ ဇာတ်ကားပြီးလို့ စာတန်းထိုးရင် ပိတ်မပစ်လိုက်ပါနဲ့။ DC fan တွေအတွက် ပါးစပ်အဟောင်းသားဖြစ်စေမယ့် Credit Scene တွေအများကြီးပါပါတယ်။ DC comic နဲ့အစိမ်းသက်သက် မရင်းနှီးသူဆိုရင်တော့ ဘာမှန်းသိမှာမဟုတ်ပေမယ့် တကယ့် Fan တွေအတွက်တော့ လုံးဝရွှေဖြစ်တဲ့အတွက် မလွတ်တန်းစောင့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။