-
Movie Name
-
Enemies In Law (2015)
-
Year
-
2015
-
Generes
-
Action, Comedy
-
Code
-
01803
-
Type
-
Movie
-
Size
-
682 MB
-
Country
-
Korea
-
Description
-
Imdb 6.4 အထိရရှိခဲ့တဲ့ Action , Comedy ဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။
ချွဲဆန်ဝူး နဲ့ ကင်ဂျောင်ဟီးတို့ နှစ်ယောက်ကကျောင်းသားဘဝမှာ ကား accident တစ်ခုဖြစ်ပြီး ဆန်ဝူးက ဂျောင်ဟီးကိုကယ်လိုက်တဲ့အချိန်မှာပဲ မြင်မြင်ချင်းချစ်မိသွားကြပါတယ် ။ ဒါပေမယ့် ဆန်ဝူးရဲ့ အဖေက ရှေးဟောင်းပစ္စည်းတွေကိုမှရွေးခိုးတတ်ပြီးတော့ ဘယ်ပစ္စည်းမဆို အတုလုပ်တတ်တဲ့ဆန်ဝူးရဲ့အမေကိုလည်း ရဲတပ်ဖွဲ့က အလိုရှိနေပါတယ်။
လိုက်ဖမ်းဆီးတဲ့လူကတော့ ဂျောင်ဟီးရဲ့ အဖေဖြစ်ပါတယ်။ ဂျောင်ဟီးတို့ရဲ့ မျိုးရိုးက စုံထောက်မျိုးရိုးဖြစ်တဲ့အတွက် ဆန်ဝူးလို လူမျိူးနဲ့ သဘောမတူနိုင်ပါဘူး။ သဘောမတူပေမယ့် ဆန်ဝူးနဲ့ဂျောင်ဟီးကတော့ နောက်မဆုတ်ကြပါဘူး။ ဆန်ဝူးက ရဲဖြစ်ဖို့ ဝင်ခွင့်စာမေးပွဲသာအောင်ရင် ဂျောင်ဟီးနဲ့သဘောတူပေးပါလို့တောင်းဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာမှ ကွင်းဆက်လူသတ်မှူ့တစ်ခုကို ဂျောင်ဟီးနဲ့ အမနှစ်ယောက်ကဖော်ထုတ်ရပါတယ်။
စုံထောက်မိသားစုနဲ့ လူလိမ်မိသားစုနှစ်ခုကြားမှာဖြစ်လာတဲ့ကိစ္စတွေကို ဟာသပုံစံနဲ့ရိုက်ပြထားပါတယ်။ ဆန်ဝူးတစ်ယောက်ရဲဝင်ခွင့်မဖြေနိုင်အောင် မိသားစု ၂စုပေါင်းပြီးတော့ တားကြတာကိုလည်း ဟာသပုံစံလေးနဲ့ကြည့်ရမှာပါ။
ကွင်းဆက်လူသတ်မှူ့ဖြစ်ပြီးတော့ သက်သေမကျန် အထောက်အထားအထောက်အထားမရှိတဲ့ အမှူ့ကို ဂျောင်ဟီးတစ်ယောက် ဖော်ထုတ်နိုင်ပါ့မလား။ ဆန်ဝူးကရော ရဲတစ်ယောက်ဖြစ်နိုင်ပါ့မလား။ ဆန်ဝူးအဖေနဲ့အမေကို ဂျောင်ဟီးရဲ့အဖေက ဖမ်းဆီးနိုင်ပါ့မလားဆိုတာတော့ ပိတ်ကားပေါ်မှာဆက်လက်ကြည့်ရှူ့ပါ။