Movie Name
Il Mare (2000)
Year
2000
Generes
Drama, Fantasy, Romance
Code
01811
Type
Movie
Size
550 MB
Country
Korea
Description
Il Mare (2000) ့” ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ ” ————— % buffered 00:00 -00:05 Download Your browser does not support the video tag. Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။ ” ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ ” December 21, 1999 ‘Il Mare’ မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo ( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် အသားကျသွားမှာပါ) ————— Han Seung Hyun ဟာ Il Mare ကိုပြောင်းလာပြီးနောက် အထက်ကစာကလေးကိုရခဲ့တယ် ။ ခွေးခြေရာလည်း အိမ်မှာရှာမတွေ့ခဲ့ပါဘူး ။ စတိုးဆိုင်ကိုမေးကြည့်တော့လဲ သူက Il Mare မှာ ပထမဆုံးနေတာဖြစ်ကြောင်းသိရတယ် ။ ဒါကြောင့် သူ့လိပ်စာမှားနေတယ်လို့ယူဆပြီး စာမပြန်ခဲ့ဘူး ။ Kim Eun Joo ဟာ Il Mare နားက စတိုးဆိုင်ကိုရောက်တော့ Ilm Mare မှာ လူသစ်ပြောင်းလာမလာမေးကြည့်တော့ တစ်ယောက်မှပြောင်းမလာသေးဘူး ဆိုတာသိရတယ် ။ သူမ အိမ်လေးဆီ သွားကြည့်ဖို့ သော့တောင်းပြီးထွက်လာခဲ့တယ် ။ အဲဒီနောက် သူမဟာ စာတိုက်ပုံးထဲက စာတစ်စောင်တွေ့ရတယ် ။ ————— ” မင်းအနေနဲ့ အရေးကြီးတဲ့စာကို မျှော်နေတယ်ဆိုရင်တော့ ဒီစာဟာ အရေးကြီးတဲ့စာဆိုတာကို အရင်ဦးဆုံးသတိပေးပါရစေ ၊ ကျွန်တော်က ဒီအိမ်မှာ ပထမဆုံးနေတဲ့သူပါ ၊ ကျွန်တော့်အထင် မင်းလိပ်စာမှားနေတယ်လို့ ထင်တယ် ၊ မင်းအနေနဲ့ လိပ်စာကို ထပ်စစ်သင့်တယ် ” မင်းအတွက် အရေးကြီးတဲ့ စာတစ်စောင်ဖြစ်မယ်လို့ မျှော်လင့်လျှက် December 28, 1997 Han Seung Hyun ( စာကြွင်း – ဒီအိမ်ကို ‘ Il Mare ‘ လို့ခေါ်မှန်း ဘယ်လိုသိတာလဲ ) ————– 1999 က Kim Eun Joo ရဲ့စာဟာ 1997 က Han Seung Hyun ဆီကို ရောက်ရှိလာခဲ့ပါတယ် ။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ စာတွေအပြန်အလှန်ပေးပို့ဖြစ်ခဲ့ကြတယ် ။ အဲဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူ့ကြရမှာပါ ။ ————————–– 2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားမှာတော့ Jun Ji-hyun နဲ့ Lee Jung-jae တို့ အဓိကပါဝင်ထားပါတယ် ။ ဒီဇာတ်ကားဟာ အောင်မြင်ခဲ့ပြီး Hollywood ကပါ The Lake House ဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ် ။ The Lake House မှာတော့ Keanu Reeves နဲ့ Sandra Bullock တို့ ပါဝင်ထားပါတယ် ။ IMDB – 7.7/10