-
Movie Name
-
Love Lies (2016)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
01815
-
Type
-
Movie
-
Size
-
902 MB
-
Country
-
Korea
-
Description
-
Love lies ဆိုတဲ့ကားလေးကတော့ ကိုးရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ထားတဲ့ ၂၀ရာစု အစောပိုင်းကာလက ဂျိုဆွန်းရဲ့ အခြေအနေကို ပုံဖော်ထားတဲ့ကားလေးပါ။
ဂျန်ဆိုယိုးက နာမည်ကြီးကချေသည်မျိုးရိုးကဆင်းသက်လာသူဖြစ်ပြီး ရုပ်ရည်လှပပြီး ရိုးရာသီချင်းသီဆိုရာမှာ ပါရမီရှိသူလေးပါ။
ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားပြီး ဖခင်ရဲ့ခိုင်းစားခြင်းခံရတဲ့ ဆိုယွန်ဟီးကို သံယောဇဉ်ဖြစ်မိရာက ယွန်ဟီးကို သူနဲ့အတူပညာသင်စေခဲ့ပြီး သူတို့နှစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။
ရိုးရာဂီတကိုမြတ်နိုးတဲ့ ဆိုယိုးရဲ့ချစ်သူကတော့ တေးရေးဆရာ ကင်ယွန်းဝူ ပါ။
မျိုးချစ်စိတ်ရှိတဲ့ ကင်ယွန်းဝူဟာ မိခင်ရဲ့ဆန္ဒအတိုင်း အရာရှိဖြစ်လိုစိတ်မရှိပဲ ပြည်သူတွေနားဆင်ဖို့ တေးသီချင်းတွေရေးဖွဲ့ရတာကိုပဲ ပျော်မွေ့နေသူတစ်ဦးပါ။
ယွန်ဟီးရဲ့ခေတ်ပေါ်ဂီတတေးကို နားထောင်မိပြီးနောက် ယွန်ဝူးဟာ ယွန်ဟီးကို သူ့သီချင်းကိုသီဆိုပေးဖို့ ကမ်းလှမ်းလာပါတယ်
% buffered
00:00
-00:00
Download
Your browser does not support the video tag.
နှလုံးသားထဲမှာ ဆိုယိုးတစ်ယောက်ပဲရှိပါတယ်လို့ ကျိန်ဆိုထားပြီး နှစ်နှစ်နေရင်လက်ထပ်မယ်လို့ ကတိပေးထားတဲ့ ယွန်းဝူတစ်ယောက် အနေနီးစပ်လာတဲ့ ယွန်ဟီးကိုချစ်မိသွားပါတယ်။
ယွန်ဝူးအကူအညီနဲ့ ခေတ်ပေါ်တေးအဆိုတော်ဖြစ်လာတဲ့ သူငယ်ချင်းရဲ့အောင်မြင်မှုကို ထပ်တူပျော်ရွင်ပေးနိုင်ပေမယ့် ချစ်သူရဲ့နှလုံးသားပြောင်းလဲသွားတာကို သိလိုက်ရတဲ့အခါ ဆိုယိုးဟာ နာကျင်ခံပြင်းမှုတွေနဲ့အတူ ကင်ယွန်းဝူနဲ့ ဆိုယွန်ဟီးတို့ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ချစ်သူ သူငယ်ချင်း ဂီတ အားလုံးကိုဆုံးရှုံးလိုက်ရတဲ့ ဆိုယိုးတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေနဲ့ ရှေ့ဆက်သွားမလဲ…..
ယွန်ဟီးရဲ့ခေတ်ပေါ်တေးအဆိုတော်ဘဝကရော ဆက်ပြီးအောင်မြင်နေမှာလား…..
ကင်ယွန်းဝူကရော သူတကယ်ချစ်တဲ့ယွန်ဟီးနဲ့ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားနိုင်မှာလား…..
စတဲ့အကြောင်းအရာလေးတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင် ရင်ထဲမှာ နင့်နင့်သီးသီးလေး ခံစားရမှာပါ။
ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းကို ပုံဖော်ထားတဲ့သူတွေကတော့ဂျန်ဆိုယိုးအဖြစ်
Wကားထဲက မင်းသမီးလေး Han ho joo
ဆိုယွန်ဟီးအဖြစ် Chun yoo hee
ကင်ယွန်းဝူအဖြစ် yoo yeon seok တို့ပဲဖြစ်ပါတယ်။
အချစ် ဂီတနဲ့ ခင်မင်မှုသံယောဇဉ်တို့ရဲ့လွန်ဆွဲမှုကိုပြသထားတဲ့ ဒီကားလေးက ပရိသတ်ကြီးကိုရသတစ်ခုခုတော့ ပေးစွမ်းနိုင်မယ့်အပြင် ၂၀ရာစုအစပိုင်း ကာလလေးကို ရိုက်ကူးထားတဲ့ ကားလေးမို့လို့ အခုခေတ်ကားတွေနဲ့ မတူပဲ အမြင်တစ်မျိုးဆန်းစေမှာပဲ ဖြစ်ပါတယ်