-
Movie Name
-
My Love Story !!! (2015)
-
Year
-
2015
-
Generes
-
Comedy, Romance
-
Code
-
01823
-
Type
-
Movie
-
Size
-
900 MB
-
Country
-
Japan
-
Description
-
ဒီကားလေးကတော့ ပျိုမေတို့ ချစ်သူရွေးမမှားဖို့ အသိပညာပေးတဲ့ ဇာတ်ကားလေးတစ်ခုဆိုလဲ မမှားပါဘူး …
ချစ်သူတစ်ယောက်ကို ရွေးချယ်တော့မယ်ဆို ရုပ်ရည်ရူပကာက အဓိကမဟုတ်ကြောင့် ရင်ဘတ်ထဲမှာ ရှိတဲ့ အချစ်စစ်အချစ်မှန်သာ အဓိက ဖြစ်ကြောင်း , လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ အတွင်းစိတ်ကို မခန့်မှန်းနိုင်ကြောင်း ဇာတ်လမ်းလေးက ဥပမာပြသွားမှာပါ …
2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကျောင်းသားကားလေးပါ …
ဒီဇာတ်လမ်းထဲမှာဆိုရင် တာကဲအို က ရုပ်လည်လဲ မချောမော လူကောင်ကလဲ အကြီးကြီးဆိုတော့ SKB တစ်ယောက်မဟုတ်ဘူးပေါ့ … ဒါပေမဲ့ စိတ်ထားလေးကတော့ မွန်မြတ်သူတစ်ယောက်ပေါ့ … သူ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဘော်ဒါတွေကတော့ ချောလွန်းလို့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်ပြီး Popular ဖြစ်နေရသူတွေပေါ့ …
တစ်နေ့မှာ တာကဲအို တစ်ယောက် မိန်းကလေးတစ်ယောက်ကို ကယ်တင်ရင်း မိန်းကလေးတစ်ယောက်အပေါ် ချစ်သက်ဝင်မိသွားတယ် …
အဲ့နောက်မှာတော့ သူ့မှာရှိတဲ့ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ် နဲ့ မချောမောတဲ့ မျက်နှာသွင်ပြင်ကြောင့် ကောင်မလေးကို ဖွင့်မပြောရဲပဲ ကောင်မလေးကို သူ့သူငယ်ချင်းတွေနဲ့ နီးစပ်အောင် အမျိုးမျိုး ကြံစည်ပေးပါတော့တယ် …
တာကဲအို တစ်ယောက် ဘယ်လိုတွေကြံစည်မယ် , သူ နဲ့ သူတစ်ဖက်သတ် ချစ်ရတဲ့ ကောင်မလေးတို့ရဲ့ အချစ်ရေးဟာ ဘယ်လိုဖြစ်မယ်ဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ကြရအောင်နော် …
Manga Artist တစ်ယောက်ဖြစ်တဲ့ Kazune Kawahara ရဲ့ Manga Series ကို အခြေခံပြီးရိုက်ကူးထားတဲ့ Japanese High School Romance Comed Film ဖြစ်ပြီး Rating အရ IMDb မှာ 7/10 နှင့် MyDramaList မှာ 8/10 အထိ ရရှိထားတဲ့ Japan ကားလေးပါ …
ဒီဇာတ်ကားလေးကို ကြည့်ရင်း အားကျခဲ့မိသည်ရှိသော် ဒီဇာတ်ကားရဲ့ encoder ကို ဆက်သွယ်နိုင်ပါတယ် … သူလည်း လူကောင်နည်းနည်းကြီးပေမယ့် အတွင်းစိတ်လေးက နူးညံ့ပါတယ်လို့ :3