Movie Name
Fireworks, Should We See It From The Side Or The Bottom (2017)
Year
2017
Generes
Animation, Family
Code
AN0190
Type
Movie
Size
900 MB
Country
Hollywood
Description
ဇာတ်ကားမိတ်ဆက် ——————— ဒီဇာတ်ကားရဲ့ အင်္ဂလိပ်နာမည်က Fireworks, Should We See It from the Side or the Bottom? တဲ့ မြန်မာလိုကတော့ “မီးရှူးပန်းတွေကို ဘေးတိုက်ကြည့်မလား အောက်တည့်တည့်ကနေကြည့်မလား” လို့အဓိပ္ပာယ်ရတယ်။ ဇာတ်ကားရဲ့နာမည်အတိုင်းပဲ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းတစ်စုရဲ့ မီးရှူးပန်းကိုဘေးတိုက်ကြည့်ရင် အပြားလိုက်မြင်ရမလား တည့်ကြည့်ရသလိုပဲ အလုံးလိုက်မြင်ရမလားအငြင်းပွားကြတဲ့ Concept အပေါ်မှာအခြေတည်ပြီးတော့ ရိုက်ကူးထားတဲ့ Romance, Drama , Fantasy အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၁၉၉၅ ခုနှစ်တုန်းက အဆိုပါနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ Live Action Movie ကို Anime အသွင်ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ နာမည်ကျော် Anime Series တစ်ခုဖြစ်တဲ့ Puella Magi Madoka Magica အပြင် တခြား Anime Series/Movies တွေရဲ့ပဲ့ကိုင်ရှင် Akiyuki Shinbo ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျပန်ပြည်တွင်းရော ပြည်ပမှာပါ ငွေကြေးပိုင်းအရ အောင်မြင်ခဲ့သလို ဝေဖန်ရေးများလည်းအကြိုက်တွေ့ခဲ့တဲ့ကားပါ။ ဇာတ်လမ်းအကျဉ်း —————— Norimichi ဆိုတဲ့ ဆယ်ကျောက်သက်အရွယ်ကောင်လေးဟာ အတန်းဖော်သူငယ်ချင်းတစ်သိုက်နဲ့ ကျောင်းကိုပျော်ပျော်ကြီးတက်နေတဲ့ ကျောင်းသားတစ်ဦး။ % buffered 00:00 -00:05 Download Your browser does not support the video tag. သူနဲ့ သူ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Yuusuke ဟာ အတန်းဖော်ကောင်မလေး Nazuna ကို ကြိတ်ကြွေနေကြတယ်။ ဒါကိုမြွေမြွေချင်းခြေမြင်ဆိုသလို သူတို့နှစ်ဦးကအချင်းချင်းသိနေပေမယ့် ကာယကံရှင်ဖြစ်တဲ့ Nazuna ကတော့မသိခဲ့ပါဘူး။ ပြီးတော့ Nazuna ဟာ အမေဖြစ်သူ နောက်အိမ်ထောင်ပြုပြီး တခြားမြို့ကိုပြောင်းတော့မှာဖြစ်တဲ့အတွက် အရမ်းစိတ်ညစ်ပြီး တမှိုင်မှိုင်တတွေတွေဖြစ်နေတဲ့သူ။ တစ်ရက်မှာ Nazuna တစ်ယောက် စိတ်တွေအရမ်းရှုပ်ထွေးလာတာကြောင့် အိမ်ကနေထွက်ပြေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ သို့ပေမယ့် တစ်ဦးတည်းထွက်မပြေးချင်တာကြောင့် သူသဘောကျမိသလိုလိုဖြစ်နေတဲ့ Norimichi ကို သူနဲ့အတူလိုက်ခဲ့ဖို့ခေါ်ရာမှာ လက်ခံလိုက်တာကြောင့် အတူထွက်ပြေးနေချိန်မှာပဲ Nozuna ရဲ့အမေရောက်လာကာ သမီးဖြစ်သူကို အတင်းအကျပ် ပြန်လည်ခေါ်ဆောင်သွားပါတော့တယ်။ ချစ်ရတဲ့သူနဲ့ တစ်သက်တာပြန်မဆုံနိုင်တော့တဲ့အခြေအနေကို ရောက်သွားတဲ့ Norimichi တစ်ယောက် ဒီအခက်အခဲကြားကနေဘယ်လိုရုန်းထွက်မလဲ? Nozuna ရဲ့လက်ကိုကိုင်ပြီး မိုးပေါ်ခုန်ပျံတက်ပြီးပြေးမှာလား? တခြား Dimension ထဲကိုပဲ ပြေးဝင်သွားလိုက်မလား? အချိန်တွေကိုပဲ နောက်ပြန်ဆုတ်ပြီး ဒီဖြစ်ရပ်တွေကို ရှောင်လွှဲဖို့ကြိုးစားမလား? တခြားသူ့အတွက် ဘာရွေးချယ်စရာတွေများရှိဦးမလဲဆိုတာတော့……..။ ဒီဇာတ်ကားတစ်ခုလုံးမှာ ကျွန်တော့်အကြိုက်ဆုံးကို ပြောပြရမယ်ဆိုရင်တော့ Ending Song လို့ပြောရမှာပါ။ Daoko နဲ့ Kenshin Yonezu နှစ်ဦးသီဆိုထားတဲ့ Uchiage Hanabi ကို ဇာတ်ကားထက်အရင်သိခဲ့ပြီး သီချင်းကြိုက်လို့ ဇာတ်ကားပါလိုက်ကြည့်မိတာပါ။ စနားထောင်ဖူးတဲ့နေ့ကစပြီး နေ့တိုင်းလိုလိုမပြတ်မလပ်နားထောင်မိလောက်အောင်အထူးနှစ်ခြိုက်မိတဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းကိုအစမ်းနားထောင်ကြည့်ချင်တယ်ဆိုရင်တော့ အပေါ်ကနာမည်အတိုင်းပဲ Youtube မှာရိုက်ရှာပြီး နားထောင်နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့ကောင်းကွက်က Music ပိုင်းတစ်ခုတည်းတင်မဟုတ်ပါဘူး။ Animation ပိုင်းဟာလည်းလွန်စွာမှထူးခြားကောင်းမွန်တာကြောင့် ဂျပန်ရုပ်ရှင်ဆုပေးပွဲမှာ Best Animation Movie ဆုအတွက် ဆန်ခါတင်စာရင်းမှာလည်းပါဝင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းပိုင်းဟာလည်း သူ့ထက်အရင် ထွက်ရှိခဲ့တဲ့ Kimi no Nawa (Your Name) လို Fantasy,Romance ဖြစ်တဲ့အတွက် Fantasy မကြိုက်တဲ့သူတွေအတွက်တော့ မျက်စိနောက်စရာဖြစ်နေနိုင်ပေမယ့် အချစ်အတွက်ဘယ်အရာကိုမဆိုပေးဆပ်မယ် အချစ်ကိုရူးသွပ်တယ်ဆိုတဲ့ စိတ်ကူးယဉ်သမားအချစ်သူရဲကောင်းကြီးအနေနဲ့တော့ လုံးဝကြည့်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Heros for Myanmar FB Page မှကူးယူဖော်ပြပါသည်)