-
Movie Name
-
Flavors Of Youth
-
Year
-
2018
-
Generes
-
Animation
-
Code
-
AN0191
-
Type
-
Movie
-
Size
-
517 MB
-
Country
-
Japan
-
Description
-
flavors of youth
ဒီတစ်ခါတော့မနေ့တစ်နေ့ကမှထွက်ထားတဲ့ဂျပန်အန်နီမေးရှင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဂျပန်ကားလို့ပြောပေမဲ့ဗားရှင်းကတရုတ်လိုလည်းပါတာဆိုတော့ဖက်စပ်ရိုက်ခဲ့တာလို့ပြောလို့လည်းရပါတယ်
yor name ဆိုတဲ့ဂျပန်အန်နီမေးရှင်းကားလေးkimi no na wa ကိုမှတ်မိလိမ့်မယ်ထင်ပါတယ်
အဲဒီproduction ကပဲဒီကားကိုထပ်ထုတ်လုပ်ခဲ့တာပါ
ထူးခြားတာကတော့ဒီကားလေးဟာတစ်ကားတည်းမဟုတ်ပဲအပိုင်းလေးတွေခွဲထားတာကိုမြင်တွေ့ရမှပါ
% buffered
00:00
-00:06
Download
Your browser does not support the video tag.
အပိုင်းတစ်ပိုင်းချင်းဆီမှာအလွန်ကောင်းမွန်တဲ့ဖန်တီးချက်တွေဇတ်လမ်းဇတ်ကွက်တွေပါမြင်တွေ့ရမှာပါ
အဲအပိုင်းလေးတွေထဲကကျွန်တော်အကြိုက်ဆုံးအပိုင်းလေးကိုအညွန်းအဖြစ်ပြန်လည်ဖော်ပြပါ့မယ်
မြို့လေးတစ်မြို့မှာသူငယ်ချင်း၃ယောက်ရှိပါတယ်ရှောင်ယုရယ်လီမိုရယ်ပန်ရယ်ဆိုတဲ့အချစ်ဆုံးသူငယ်ချင်း၃ယောက်ပေါ့ကလေးဘဝငယ်ငယ်လေးကတည်းကသူငယ်ချင်းတွေပေါ့သူတို့၃ယောက်ထဲမှာရှောင်ယုနဲ့လီမိုကတော့ပိုပြီးသံယောဇင်ကြီးကြပါတယ်ရှောင်ယုဆိုတဲ့ကောင်မလေးအဖေကသားသမီးအတွက်ဆိုရင်အလွန်လောဘကြီးတဲ့သူပေါ့သမီးဖြစ်သူကိုအကောင်းဆုံးကျောင်းကနေအလယ်တန်းထိသင်ယူပြီးအကောင်းဆုံးတက္ကသိုလ်ကိုတက်စေချင်တယ်ရှောင်ယုလေးကလည်းပညာရေးမှာထူးချွန်တယ်လေလီမိုကတော့ကလေးဆန်တယ်လုပ်ချင်တဲ့အရာဆိုရင်ဘာမှမစဉ်းစားပဲလုပ်တတ်တယ်
ဒါပေမဲ့ရှောင်ယုအပေါ်မှာလီမိုရဲ့သံယောဇင်တွေကတော့အနှိုင်းမဲ့ပါသူတို့သူငယ်ချင်း၂ယောက်မှာထူးခြားချက်တစ်ခုရှိပါတယ်
စာသင်ခန်းထဲကရယ်စရာတွေဆရာစာသင်တာတွေစသဖြင့်အားလုံးကိုတိတ်ခွေလေးနဲ့ဖမ်းပြီးနားထောင်တတ်ကြတာပါပဲရှောင်ယုကျောင်းမလာတဲ့နေ့တွေဆိုလီမိုကအသံဖမ်းရှောင်ယုကလည်းအားကျမခံအသံထပ်ဖမ်းတစ်ဦးပေးတဲ့တိတ်ခွေလေးတွေကိုတစ်ဦးကနားထောင်ရင်းသံယောဇင်လေးတွေပိုတွယ်လာပြီးအချစ်အဖြစ်အရောင်းပြောင်းလာကြပါတယ်
ဒါပေမဲ့သူတို့နှစ်ယောက်ကြားမမြင်ရတဲ့ကံကြမ္မာတွေဝင်လာတဲ့အချိန်ဘယ်လိုတွေဆက်ဖြစ်မှာလဲသူတို့ရဲ့အချစ်တွေကိုဖွင့်ဟခွင့်ရမှာလားစိတ်ဝင်တစားစောင့်ကြည့်ရမှာပါစကားပုံတစ်ခုရှိပါတယ်
အချစ်နဲ့ချောင်းဆိုးခြင်းကိုအောင့်ထားလို့မရပါဘူးတဲ့အားလုံးဒီကားလေးကိုကြည့်နေစဉ်မှာအားမလိုအားမရတွေစိတ်ထဲမရိုးမရွတွေဖြစ်နေမှာကျွန်တော်မြင်ယောင်မိပါတယ်
ဒီကားကိုကြည့်ပြီးရင်ကိုယ်ချစ်နေတဲ့သူကိုအချိန်မဆွဲပဲအမြန်ဖွင့်ပြောနိုင်အောင်လုပ်ရင်းFAဘဝကနေကျွပ်လွတ်ပါစေလို့ဆုတောင်းပေးရင်းဒီကားကိုကျွန်တော်ရယ်ညီလေးkiraရယ်အတူတူဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
ကျွန်တော်လည်းထပ်ကြည့်မှာမို့အတူတူကြည့်လိုက်ရအောင်နော်သင်စိတ်ကျေနပ်သွားမယ်လို့ယုံကြည်ပါတယ်