-
Movie Name
-
The Destiny Of White Snake(မြွေဖြူမလေးရဲ့ ကံကြမ္မာ(နတ်ဓားရှင်နှင့်မြွေဖြူမလေး)
-
Year
-
2019
-
Generes
-
Drama, Fantasy, Historical
-
Code
-
SC0147
-
Type
-
Series
-
Size
-
15.4 GB
-
Country
-
China
-
Description
-
: The Destiny of White Snake(2018) ကောင်းကင်ဘုံနဲ့မြေကြီးတွေစတင်ဖြစ်ပေါ်ချိန်မှာ သတ္တဝါတွေပေါ်ပေါက်ခဲ့တယ် ကောင်းကင်ဘုံအရှင်သခင်ဟာ နတ် လူသား မိစ္ဆာစတဲ့ လောကသုံးပါးကိုအုပ်ချူ ပ်ခဲ့တယ် ဒါကိုမကျေမနပ်ဖြစ်နေတဲ့ မိစ္ဆာဘုရင်ဟာ နဂါးမျူ ိးနွယ်ကိုသွေးထိုးပေးပြီး တိုက်ပွဲတွေဖြစ်စေတယ် ကောက်းကင်ဘုံအရှင်ဟာ တိုက်ပွဲကို အဖြူရောင်ဧကရာဇ် နဲ့အစိမ်းရောင်ဧကရာဇ် ကို ဦးစီးတိုက်ခိုက်ခဲ့စေတယ် စစ်ပွဲပြီးတဲ့နောက် နဂါးမျူ ိးနွယ်စစ်ရှုံးပြီး ကောင်းကင်ဘုံအရှင်လက်အောက်ခံခဲ့တယ် တိုက်ပွဲအတွင်း အဖြူရောင်ဧကရာဇ် တပည့်လင်းချူ နဲ့ အစိမ်းရောင်ဧကရာဇ် တပည့်ဇီရွှမ်း ဟာတိုက်ပွဲကို စွမ်းစွမ်းတမံတိုက်ခိုက်နိုင်တာကြောင့် နတ်ပြည်မှာ ထင်ရှားကျော်ကြားခဲ့တယ် ဒါကြောင့် ဘယ်သူ့တပည့်အတော်ဆုံးလဲဆိုတာသိစေရန် နှစ်တထောင်အကြာမှာယှဉ်ပြိုင်စေမယ်လို့ကတိခံခဲ့တယ် စွမ်းအားခုနှစ်မျူ ိးပိုင်ဆိုင်တဲ့ဇီရွှမ်း ဖျက်စီးရေးရှင်သခင် လင်းချူ နှစ်ယောက်စလုံးဟာထာဝရရှင်သန်သူများဖြစ်ကြပြီး နတ်ဖြစ်ရန် တစ်ဆင့်သာလိုပါတော့တယ် အစိမ်းရောင် ဧကရာဇ်ဟာသူ့တပည့် ဇီရွှမ်းကံကြမ္မာကို စမ်းစစ်ကြည့်တော့ ကံကြမ္မာဆိုး တစ်ခုနဲ့တွေ့ကြုံပြီး မကျော်လွှားနိုင်ပါက ခန္ဓာနဲ့ဝိဉာဉ် လေနဲ့အတူ လွင့်မြောပျောက်ကွယ်သွားမယ်လို့သိခဲ့တယ် -အကြောက်တရားနတ်ဘုရားမဟာ သူ့မြွေဖြူ လေး နှစ် ၂၀၀ကြာအောင်လေ့ကျင့်တာတောင် လူပုံစံအသွင်မပြောင်းနိုင်လို့ စိုးရိမ်ပူပန်ခဲ့တယ် သူ့ရဲ့ ဆရာအဖြစ်ကူညီပေးရန် ဇီရွှမ်းကိုတာဝန်ပေးခဲ့တယ် မြွေဖြူ ဟာ ဇီရွှမ်းကိုသူ့အသက်ပဓာနမထားပဲကူညီခဲ့တာကြောင့် ဇီရွှမ်း သံယောဇဉ်ပိုခဲ့တယ် မြွေဖြူ လေးနဲ့သွားအတူလာအတူ စားအတူပေါ့ နာမည်လေးလည်းပေးထားတယ် ရှောင်ပိုင်တဲ့ မကြာခင်မှာပဲ လူအသွင်ပြောင်းနိုင်ခဲ့တယ် ထိုအချိန်မှစပြီး ဇီရွှမ်းဟာ ရှောင်ပိုင်နဲ့သာအချိန်ကုန်လာပြီး နတ်အဖြစ်ကစွန့်လွှတ်ဖို့အထိဖြစ်လာခဲ့တယ် တနေ့ရှောင်ပိုင်အမှားကြောင့် ရေနဂါးလွတ်မြောက်သွားခဲ့တယ် ဇီရွှမ်းပြန်လည်ဖမ်းစီးရင်း ဇီရွှမ်းအပြင်းအထန်ရခဲ့တယ် ဇီရွှမ်းဟာ မြွေဖြူ လေးကို လူသားနာမည်ပိုင်ယောင်းယောင်းလို့ ပေးခဲ့ပြီး ခန္ဓာကိုယ်ပျက်စီးပြီး လေနဲ့အတူလွင့်မြောသွားခဲ့တယ် ထိုအချိန်ကစပြီး မြွေဖြူလေးဟာ နေရာအစုံကို လျှောက်သွားရင်း ဇီရွှမ်းပြန်လာ မလားလို့ရှာဖွေနေခဲ့တယ် နှစ်ပေါင်းတစ်တထောင်အကြာ ဇီရွှမ်းနဲ့တပုံထဲတူတဲ့ သမားတော်လေးနဲ့ ရှောင်ပိုင်တွေ့ဆုံမိတဲ့အခါမှာတော့...... ပါဝင်တဲ့သရုပ်ဆောင်များကတော့ Noble Aspirations , Ode to Joy ,Legend of Dragon Pearl, Heavy Sweetness, Ash-like Frostထဲက မင်းသမီးလေး Jin Mi The Glory of Tang Dynasty ထဲကမင်းသားAllen Ren, Noble Aspirations , The Glory of Tang Dynasty, Legend of Drago Pearlထဲက မင်းသား Mao Ji Zun, Moment in Peking ထဲကမင်းသမီး Li Man, Liu Xue Yi နဲ့ He Du Juan တို့အဓိကပါဝင်ထားပါတယ် *Eng sub ထွက်တာနဲ့အတတ်နိုင်ဆုံးမြန်မြန်လေးတင်ပေးပါ့မယ်* #TYMMtvcomမှတင်ဆက်သည် Translated by Wai Yun Htun , Yoon Cho Sub Timming : Linn Latt Phway