-
Movie Name
-
How To Train Your Dragon (2010)
-
Year
-
2010
-
Generes
-
Action, Animation
-
Code
-
AN0196
-
Type
-
Movie
-
Size
-
996 MB
-
Country
-
Hollywood
-
Description
-
How To Train Your Dragon (1) နဲ့ (2) ကိုကြည့်ဖူးတဲ့သူတိုင်း အဲဒီကားတွေ ဘယ်လောက်ဆွဲဆောင်မှုအတိုင်းအတာရှိလဲဆိုတာ သိကြမှာပါ.. No.(1) နဲ့ (2) ဟာ 2010 နဲ့ 2014 ခုနှစ်မှာထွက်ခဲ့တဲ့ကားတွေဖြစ်ပြီး..ယခုကားကတော့ No.(2) မထွက်ခင် 2011မှာ ထွက်ထားပြီး IMDb rating 7.6 အထိရထားတဲ့ 22 mins စာကားတိုလေးပဲဖြစ်ပါတယ်..
ဇာတ်လမ်းနဲ့ပတ်သတ်ပြီးပြောရရင်တော့ ဗိုက်ကင်းလူမျိုးတွေနေထိုင်တဲ့ သူတို့ရွာရဲ့အစဉ်အလာပွဲတော်နေ့မှာ ရွာကရှိသမျှနဂါးတွေအကုန် အဝေးကိုထွက်သွားကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်လေးဟစ်ကပ်အနေနဲ့ နဂါးတွေဘာကြောင့်ထွက်သွားလဲဆိုတာကို ဘယ်လိုအဖြေရှာမလဲဆိုတာတော့..
Short Movie ဖြစ်တဲ့အတွက် ဇာတ်လမ်းတော်တော်များများကိုပြောလိုက်ရင်ကုန်သွားပါလိမ့်မယ်.. No.(2) မတိုင်ခင်ထွက်ထားတာဆိုတော့ ဟစ်ကပ်ရဲ့အဖေမသေသေးသလို သူ့အမေလည်းမပေါ်သေးပါဘူး.. ဒီ movie လေးထဲမှာ ကျေနပ်စရာကောင်းတာတစ်ခုက ဇာတ်လမ်းနဲ့ပက်သတ်ပြီးရှိနေတဲ့ ကျွန်တော့်စိတ်ထဲကသိချင်နေတဲ့အချက်တစ်ခုကို ဖြေရှင်းပေးလိုက်တဲ့ဇာတ်ဝင်ခန်းလေးပါပဲ..
HTTYD No.(1) ကိုကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်.. ဟစ်ကပ်ကသူ့ရဲ့နဂါးလေးတုလက်စ်ပျံသန်းလို့ရဖို့အတွက် အမြီးတစ်ဖက်ကိုဖန်တီးပေးပါတယ်.. ပထမစလုပ်တဲ့အမြီးတုန်းက သူ့ဘာသာပဲပျံသန်းလို့ရအောင်လုပ်ပေးလိုက်တာပါ.. အဲဒါကအဆင်မပြေတဲ့အတွက် သူကိုယ်တိုင်ထိန်းချုပ်ပြီးပျံသန်းလို့ရအောင်လုပ်ပါတယ်.. အဆင်ပြေသွားတယ်ပေါ့ဗျာ.. နောက်ပြီး ဒီထက်ကောင်းအောင် အဆင့်ဆင့်လုပ်ပါတယ်.. သူကတော့ထိန်းချုပ်ပေးရတုန်းပါပဲ..
အဲဒီနောက်ပိုင်း No.(2) ထွက်လာလို့ကြည့်တဲ့အခါမှာလည်း အဲ့အတိုင်းပဲဆက်ရှိနေပါတယ်.. ဘာလို့တုလက်စ်ဘာသာပဲပျံသန်းလို့ရအောင် ထပ်ပြီးမလုပ်ပေးလဲဆိုတာကိုစဉ်းစားလို့မရခဲ့ပါဘူး.. ကျွန်တော်မျှော်လင့်ထားတာက No.(2)ထွက်လာရင်တော့ အမြီးနဲ့ပတ်သတ်ပြီး အပြောင်းအလဲရှိလာလိမ့်မယ်လို့ထင်ထားတာ.. No.(2)မှာ ဘာကြောင့်ဟစ်ကပ်ထိန်းချုပ်ရတဲ့ အမြီးကိုပဲပြန်သုံးလဲဆိုတာ ဒီကားလေးကအဖြေပေးသွားပါလိမ့်မယ်..