Movie Name
The Emergence Of First Love
Year
2019
Generes
Romance
Code
SC0148
Type
Series
Size
19.2 GB
Country
China
Description
: The Emergence Of First Love အချစ်ဦးနှင့် တွေ့ဆုံခြင်း (2019) ဒီတခါ TYMMtv ပရိသတ်များကို Romance လေးရော Friendship ရောပါတဲ့အပြင် ဘောလုံးအကြောင်းရော အသင်းအဖွဲ့စိတ်ဓာတ် လူငယ်တွေ ကိုယ့်အိပ်မက်အတွက် မလျော့ဖွဲလုံ့လတို့နဲ့ ကြိုးစားပုံတွေကို မြင်တွေ့ရမယ့် အပိုင်း(30) ပါတဲ့ ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ဟွရှီးရှီးက ငယ်တည်းက ကာတွန်းရေးဆွဲတာကြိုက်နှစ်သက်သူ ခြောက်နှစ်တိုင်တိုင် ကာတွန်းကုမ္ပဏီမှာ လက်တွေ့ဆင်းလုပ်ကိုင်ခဲ့ပေမယ့် တရားဝင်ကာတွန်းဆရာမ မဖြစ်သေးသူ သူမအိပ်မက်ကတော့ ကာတွန်းရေးဆရာမတယောက်ဖြစ်လာဖို့ပါ ဟော့ဇီအန်းက ပါရမီထူးချွန်တဲ့ ဘောလုံးသမားတယောက်ပါ ပြိုင်ပွဲတခုမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး အိပ်မက်ကိုစွန့်လွှတ်ရမယ့် အခြေနေရောက်သွားပေမယ့် ဘောလုံးကန်ခြင်းသည်သာ သူ့ရဲ့အိပ်မက်ပါ ဆွန်းရှိုးကျယ်က ဟော့ဇီအန်းနဲ့ အရင်က ဘောလုံးအတူတူကန်ကာ ညီအကိုလိုခင်မင်ခဲ့သူပါ ဘောလုံးကန်တာတော်ပေမယ့် ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်မှုကြောင့် အသင်းကနေထုတ်ပယ်ခံရလိုက်ရပါတယ် သူ့အိပ်မက်ကတော့ ဘယ်နေရာမှာဖြစ်ဖြစ် ဘောလုံးကန်ဖို့ပါပဲ တနေ့မှာ ဟွရှီးရှီးကို အထက်ကနေ အားကစားနဲ့ပတ်သတ်တဲ့ ကာတွန်းသစ်အတွက် ရေးဆွဲခိုင်းခဲ့ပါတယ် ကာတွန်းသစ်အတွက် အချက်လက်စုဆောင်းဖို့ ဘောလုံးပြိုင်ပွဲဆီသွားခဲ့ရာမှ ဟော့ဇီအန်းနဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး စစချင်းတော့ အချင်းချင်း ကြည့်မရခဲ့ပေမယ့် နောက်ပိုင်း ရင်းနှီးသွားပါတယ် ဒါ့အပြင် ဟွရှီးရှီးက ဟော့ဇီအန်းနဲ့ ဆွန်းရှိုးကျယ်ကြားက အရင်က အထင်လွဲမှုတွေကို ဝင်ကူပြီး ဖြေရှင်းအောင်လုပ်ပေးခဲ့ရာမှ သုံးပွင့်ဆိုင်အချစ်ဖြစ်ပေါ်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲ သူတို့အသီးသီး ကိုယ့်အိပ်မက်နောက်လိုက်ရာကနေ ဘယ်လိုအခက်ခဲတွေကြုံတွေ့ပြီး မလျော့ဇွဲလုံ့လနဲ့ အောင်မြင်အောင်လုပ်ဆောင်ကြမလဲဆိုတာတော့…… 🎨 ဟွရှီးရှီးအဖြစ် *Zheng He Hui Zi* (Magic Star, Rush to the Dead Summer, Bedtime Hero) ⚽️ ဟော့ဇီအန်းအဖြစ် *Chen Zi You* (Dear Prince, Top) ⚽️ ဆွန်းရှိုးကျယ်အဖြစ် *Yang Ye Ming* (SWAP) ENG Sub မထွက်ပါ တရုတ်ကနေ တိုက်ရိုက်ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပြီး ကြည့်ပြီးကြိုက်မကြိုက် ပြောသွားကြအုံးနော် 🏆Chinese Translated by *Nang Tip Non* 🎖Sub Timing, Editing & Encoded by *San Nu*