Movie Name
Suicide Squad Hell To Pay (2018)
Year
2018
Generes
Animation
Code
AN0229
Type
Movie
Size
650 MB
Country
Hollywood
Description
Suicide Squad: Hell to Pay ဇာတ်ကားကိုWarner Bros. Animation မှထုတ်လုပ်ပြီးတော့ Warner Bros. Home Entertainment မှဖြန့်ချိပါတယ်။ 31 ကားမြောက် DC Animation Movie ဖြစ်ပြီးတော့ ဒါရိုက်တာ Sam Liu ကရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားရဲ့အစမှာတော့ Amanda Waller ကDeadshot, Count Vertigo, Punch and Jewelee နဲ့ Black Manta တို့ပါဝင်တဲ့ Task Force X ကို Tobian Whale လို့ခေါ်တဲ့လူကိုရှင်းဖို့ တာဝန်ပေးလိုက်တာ။ အဆိုပါတာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း Count Vertigo ရဲ့သစ္စာဖောက်မှုကြောင့် Punch တစ်ယောက်သေဆုံးသွားပါတယ်။ Deadshot လည်းသေခါနီးအခြေအနေရောက်ခဲ့ပေမယ့် အမြဲတမ်းတစ်ကွက်ကြိုမြင်တဲ့ Amanda Waller ရဲ့သတိရှိမှုကြောင့် သစ္စာဖောက်ကိုရှင်းပစ်နိုင်ခဲ့ပါတယ်။ အဆိုပါစစ်ဆင်ရေးပြီးပြီးချင်းမှာပဲ Amanda Waller ဟာ Task Force X ကိုနောက်တစ်ခါ စုစည်းပြီးတော့ နောက်စစ်ဆင်ရေးတစ်ခုကို ထပ်မံစတင်စေခဲ့ပါတယ်။ % buffered 00:03 -00:05 Download Your browser does not support the video tag. အသစ်ဖွဲ့တဲ့ Task Force X မှာတော့ အဓိကအဖွဲ့ဝင်လိုဖြစ်နေတဲ့ Deadshot, Harley Quinn, Captain Boomerang တို့အပြင် Flash TV series နဲ့အတူ နာမည်ကြီးလာတဲ့ Killer Frost, Comic Fan တွေအတွက် မစိမ်းတဲ့ BronzeTigere နဲ့ Copperhead တို့ပါဝင်လာပါတယ် ။ Amanda Waller က ဘယ်လိုအသေခံစစ်ဆင်ရေးခိုင်းဦးမလဲ? Suicide Squad အဖွဲ့ဝင်တွေကရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ပြီး ဘယ်သူတွေဘယ်လိုသေဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ DC ဖန်ကြီး ဆရာ ဦးမျိုးသန့်ပါ)