-
Movie Name
-
Tad The Lost Explorer And The Secret Of King Midas (2017)
-
Year
-
2017
-
Generes
-
Animation
-
Code
-
AN0231
-
Type
-
Movie
-
Size
-
899 MB
-
Country
-
Hollywood
-
Description
-
ဒီကားလေးကတော့ ၂၀၁၂ က ထွက်ရှိထားခဲ့တဲ့ Tad, The Lost Explorer ကားလေးရဲ့ အဆက်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင် တက်ဒ် ဆိုတဲ့ စူးစမ်းရှာဖွေတာကို ဝါသနာပါတဲ့လူတစ်ယောက်မှာ နာမည်ကြီးရှေးဟောင်းသုတေသနပညာရှင်အသိတစ်ယောက်ရှိပါတယ်…သူ့နာမည်က ဆာရာ တဲ့…ပြောရရင် တက်ဒ် က သူ့ကို ကြိတ် crush နေတာပါ…
တစ်နေ့မှာ ဆာရာ ဟာ ထူးဆန်းတဲ့ဒဏ္ဍာရီလာပစ္စည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပါတယ်…အဲ့ဒီပစ္စည်းဟာ အံ့သြစရာအစွမ်းတွေပိုင်ဆိုင်ပြီး အမှန်တကယ်ရှိကြောင်း သိလိုက်ရပါတယ်…ဒီအချိန် သူ့လိုပဲ အဲ့ဒီပစ္စည်းအကြောင်းသိထားသူတစ်ယောက်က ဆာရာ့ဆီက မှတ်တမ်းတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…
ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှူပေးကြပါဦး…
ပထမကားကို မကြည့်ဖူးတဲ့ တစ်ချို့ ပရိတ်သတ်တွေအနေနဲ့လည်း ဇာတ်လမ်းထိခိုက်မှုမရှိပဲ အဆင်ပြေပြေကြည့်နိုင်မှာပါ…အန်နီမေးရှင်းကောင်းမွန်ပြီး ကြည့်ရတာပျော်စရာကောင်းပါတယ်…ကျွန်တော်ဆို ဇာတ်လမ်းထဲက သီချင်းလေးတစ်ပုဒ်ကို သဘောကျမိရဲ့…
ပရိသတ်ကြီးလည်း ခံစားကြည့်ရှုရင်း သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…
အားပေးကြပါဦး