Movie Name
The Girl Wearing Tassel (နားဆွဲလေးနဲ့ကောင်မလေး)
Year
2015
Generes
Family, Romance
Code
SC0151
Type
Series
Size
10.3 GB
Country
China
Description
The girl wearing tessel earring (မြန်မာစာတန်းထိုး) (နားဆွဲလေးနဲ့ကောင်မလေး) 😘ကြည့်ချင်နေတာကြာပြီး 😍 Ep 1 to 48 စ ဆုံး ဇာတ်လမ်းအကျဉ်း / 1920 ခုနှစ်ကအပြင်အဆင်နဲ့တွေ့ရမယ့် ဇာတ်လမ်းပါ ။ ရမ်မင်းဟောင် ကရှန်ဟိုင်းကုန်သည်များအသင်းကဥက္ကဌ သူကပေါင်းသင်းရခက်ပြီး အလွန်ပြတ်သားတဲ့လူတယောက်ပါ။ ထန်းထန်းဆိုတဲ့ကောင်မလေးကတော့စာတိုက်ရဲ့ကြေးနန်းပို့တဲ့နေရာမှာအလုပ်လုပ်နေပြီး အကြားအာရုံပါရမီရှင်လေးပါ သူကမျက်လုံးပိတ်ထားရင်တောင်လူ့ခြေသံတွေ လူနှလုံးခုန်သံတွေအထိအာရုံစိုက်နိုင်ပြီး ဘယ်သူဆိုတာပြောနိုင်တဲ့အထိအကြားအာရုံပါရမီရှိပါတယ် ။ သူမကဆင်းရဲတဲ့မိန်းကလေး အမေမရှိတော့ပဲ အဖွားနဲ့အဖေနဲ့ပဲနေတာပါ ။ဒါပေမယ့်သူ့ကိုလူတွေကချူးအန်အန်လို့ပဲ သိကြပါတယ် တကယ်တော့သူမက ချူးအန်အန်အစစ်မဟုတ်ပါဘူး ချူးအန်အန်က ထန်းထန်းသူငယ်ချင်း ချမ်းသာတဲ့ကောင်မလေးပါ သူမကအနည်းငယ်ရှုပ်ထွေးပြီး သူမ မလုပ်ချင်တဲ့ကိစ္စတွေကို ထန်းထန်းကိုငွေပေးပြီးလူစားထိုးခိုင်းလေ့ရှိပါတယ်။ ရမ်မင်းဟောင်မှာ အရမ်းချစ်ရတဲ့ရှောင်းရှောင်ဆိုတဲ့ညီမလေးရှိတယ် ရှောင်းရှောင်က အင်္ဂလိပ်စာသင်ရင်း သူ့ရဲ့ဆရာနဲ့ချစ်ကြိုးသွယ်မိတယ် အဲဒီဆရာက ထန်းထန်းအဖေပါ ထန်းထန်းအဖေ လုရမ်ဘင်းက သူ့ဘဝမှန်ကိုလိမ်ညာထားပြီး ရှောင်းရှောင်နဲ့ချစ်သူဖြစ်ခဲ့တယ် တနေ့မှာ သူလိမ်ညာထားတဲ့ကိစ္စကို ရှောင်းရှောင်သိသွားပြီးစကားများရင်း ဝရန်တာကမတော်တဆ ပြုတ်ကျသေဆုံးသွားခဲ့တယ်။ ဆက်စပ်နေတာတွေက ချူးအန်အန်အစစ်က ရှောင်းရှောင်ရဲ့သူငယ်ချင်း ရှောင်းရှောင်ချစ်သူရနေတာကိုချူးအန်အန်ကသိနေခဲ့ပြီး ပတ်သက်မှုတွေရှ်ိထားတဲ့အခါ ဥက္ကဌရမ်လိုက်ရှာမှာကြောက်လို့ ထန်းထန်းကိုလူစားထိုးခိုင်းရာမှ ဘာတွေဆက်ဖြစ်လာမလဲ ဘဝချင်းကွာခြားလှတဲ့ စွာတေးမလေးထန်းထန်းကိုချစ်မိပြီး တကောက်ကောက်လိုက်နေတဲ့ ဥက္ကဌရမ်ဟာ ထန်းထန်းကသူ့ညီမကိုသတ်တဲ့တရားခံရဲ့သမီးမှန်းသိသွားတဲ့အခါ ချစ်နေအုံးမှာလား နောက်ပြီး ဒီဇာတ်လမ်းတွဲမှာ ပြိုင်ဘက်အနေနဲ့ပါဝင်လာတာက The love စီးရီးနဲ့လူကြိုက်များတဲ့အချစ်ကြီးတဲ့ရှောင်ကောကာ ဝူတိန်းရှောင်ပါ သူကတော့ ဥက္ကဌရမ်ရဲ့မိဘတွေကသူ့မိဘတွေကိုသတ်လို့ဆိုပြီး လက်စားချေဖို့အမြဲလိုက်နေသူပါ သူကထန်းထန်းရဲ့မိတ်ဆွေဖြစ်နေပြန်ပါတယ် ရှုပ်ထွေးတဲ့ဇာတ်အိမ်ပေမယ့် စိတ်ဝင်စားဖို့ကောင်းဖို့ ကြည့်လိုက်ရအောင်နော်