-
Movie Name
-
The Incredibles (2004)
-
Year
-
2004
-
Generes
-
Action, Animation
-
Code
-
AN0235
-
Type
-
Movie
-
Size
-
950 MB
-
Country
-
Hollywood
-
Description
-
Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။) animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ လောက်မှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ကုမ္ပဏီအဖြစ်ခွဲထွက်ခဲ့သလို၊ Steve Jobs ကလည်း ကုမ္ပဏီမှာ အဓိက ရှယ်ယာရှင်ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Pixar ကို Disney က 7.6 Billion Dollars နဲ့ ဝယ်ယူခဲ့ပါတယ်။
Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအဝင် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ဇာတ်လမ်းမကောင်းဘူးဆိုပြီး ဝေဖန်ခံရပြီး၊ ကျန် ၁၃ ကားလုံးက ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးမွှမ်းခြင်းကိုခံထားရပါတယ်။ ဒီဘက်ခေတ်မှာ Pixar ကထုတ်တဲ့ကားကို ကောင်းပြီးသားလို့ဆို ရလောက်တဲ့အထိ အရှိန်အဝါ ကြီးလှပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာပဲ Pixar က The Good Dinosaur ဆိုပြီး နောက်ထပ် တစ်ကားထွက်ဖို့ရှိပြီး ပထမဆုံးအကြိမ် တစ်နှစ်ထဲ နှစ်ကားထုတ်တာဖြစ်ပါတယ်။
The Incredibles က အကောင်းဆုံး ကာတွန်းကားတွေထဲက တစ်ကားသာမက အကောင်းဆုံး Superhero ကားတွေထဲမှာပါ တစ်ကားအပါအဝင် အဖြစ်သတ်မှတ်ထားကြပါတယ်။ Incredibles မှာ ‘S’ ပါရတာက ဒါသူတို့ မိသားစုတစ်ခုလုံး ညွှန်းရင် ဒီလိုပဲ သုံးပါတယ်။ ဥပမာ Mr and Mrs Smith ကို The Smiths လို့ သုံးကြပါတယ်။
သူရဲ့ ဇာတ်လမ်းက အရင်တုန်းက Superheros တွေရှိကြပေမယ့် သူတို့ကြောင့် အပျက်အဆီးတွေများလာသလို လူတွေထိခိုက် ဒဏ်ရာရတာတွေများလာလို့ အစိုးရက သူတို့ကို သာမန်လူတွေအဖြစ်သူနေရမယ်လို့ သတ်မှတ်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအစမှာဆို Mr. Incredible က ကိုယ်ကိုယ်ကို သတ်သေမယ့်သူကို ကယ်ရင် ဒီလူက ဒဏ်ရာရသွားတော့ သူ့ကို တရားပြန်ဆွဲတာမျိုးတွေဖြစ်လာပါတယ်။ ဒီကားမှာ Mr.Incredible က သန်မာတဲ့ Hero ဖြစ်ပြီး၊ သူ့မိန်းမ ဖြစ်သူ က Elastic Girl ဆိုတဲ့အတိုင်း ကိုယ်ခန္ဓာကို လိုသလို ဆန့်ထုတ်လို့ ရပါတယ်။ သူတို့ ကလေးနှစ်ယောက်မှာ အမဖြစ်သူက ကိုယ်ပျောက်၊ သားဖြစ်သူက အရမ်း မြန်ပါတယ် (Quicksilver/Flash လိုပါ)။ Mr.Incredible မှာ Forzone လို့ခေါ်တဲ့ ရေခဲခဲလို့ရတဲ့ ဟီးရိုး သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့ကတော့ အဓိက ဇာတ်ကောင်တွေပါ။ အခြားဟီးရိုးတွေ ရှိပါသေးတယ်။
% buffered
00:00
-00:07
Download
Your browser does not support the video tag.
ဇာတ်လမ်းကတော့ Mr.Incredibles က ပထမဆုံးအခန်းမှာ သူ့ကို အရမ်းကြိုက် အရမ်းလေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို၊ သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ်။ ဇာတ်လမ်းကရှင်းပေမယ့် မိသားစု အကြောင်း၊ ဟီးရိုးအကြောင်း ဖြစ်တာကြောင့် အပျင်းပြေကြည့်လို့ကောင်းရုံတင်မ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းကောင်း ပါတယ်။
အက်ရှင်တွေလည်းကောင်းသလို စိတ်ဝင်စားစရာကောင်းအောင်လည်း ရိုက်ကူးထားနိုင်သလို ဒီနေ့အထိ ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပါဘူး။ ဒီဘက်ခေတ် ကလေးတွေ လူငယ်တွေ အကြိုက်တွေ့မယ့် ကာတွန်းကား ကောင်းလေးဖြစ်ပါတယ်။ မိသားစု အတူတူကြည့်ဖို့ ကောင်းတဲ့ကား ဖြစ်ပြီး၊ ကြည့်သင့်တဲ့ကားကောင်း တစ်ကားပါ။