Movie Name
The LEGO Ninjago Movie (2017)
Year
2017
Generes
Animation
Code
AN0237
Type
Movie
Size
802 MB
Country
Hollywood
Description
Lego crazy တွေအတွက် LEGO ရဲ့နောက်ဆုံးထွက်ရုပ်ရှင် လာပါပြီ။ The LEGO Movie, The LEGO Batman Movie တို့လိုပဲ မြူးမြူးကြွကြွတီးလုံးတွေနဲ့ ရယ်မောစရာ ဇာတ်ဝင်ခန်းပါဝင်တဲ့ ကားကောင်းတစ်ကားပါပဲ။ ဂာမဒွန် ဆိုတဲ့လက်လေးဖက်နဲ့လူဆိုးကြီးက Ninjago ဆိုတဲ့မြို့ကြီးကို ခဏခဏလာတိုက်ပါတယ်။ လာတိုက်တိုင်းလဲ နင်ဂျာအဖွဲ့ကို အမြဲတမ်းရှုံးပြီး ခွေးပြေးဝက်ပြေးပြေးရစမြဲပါ။ နင်ဂျာအဖွဲ့မှာ မီး၊ရေ၊မြေ၊ရေခဲ၊လျှပ်စီး နဲ့ အစိမ်းရောင်နင်ဂျာဆိုတဲ့ နင်ဂျာသူငယ်ချင်း ၆ ယောက်ပါဝင်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အစိမ်းရောင်နင်ဂျာလေး လွိုက်၊ ဂါမဒွန်ရဲ့သားဖြစ်သူနေရာကနေ ဇာတ်လမ်းကိုတည်ထားပါတယ်။ % buffered 00:00 -00:06 Download Your browser does not support the video tag. သူဟာ အစိမ်းရောင်နင်ဂျာမှန်း သူ့အဖေရော တစ်မြို့လုံးရောမသိကြပဲ ဂါမဒွန်ကြီး တစ်ခါလာတိုက်ခိုက်တိုင်း မြို့သူမြို့သားတွေက သူ့ကိုသာအပြစ်ပုံချလေ့ရှိပါတယ်။ တစ်ရက်မှာတော့ ဂါမဒွန်ကို သည်းမခံနိုင်တော့တဲ့ လွိုက်ဟာ အန္တရာယ်ရှိတဲ့လက်နက်ကြီးတစ်ခုကို ထုတ်သုံးလိုက်မိတာကြောင့် မီယောင်သရာလို့ခေါ်တဲ့ ကြောင်ဆိုးကြီး Ninjago မြို့ကိုရောက်လာပြီး တစ်မြို့လုံးကိုဖျက်စီးပစ်တဲ့အခါ လွိုက်နဲ့သူ့သူငယ်ချင်းတွေ ကြောင်ကြီးကိုဘယ်လိုဖြေရှင်းကြလဲ။ ဂါမဒွန်နဲ့လွိုက် သားအဖရဲ့ နောက်ကွယ်ကဇာတ်လမ်းကရော ဘယ်လိုမျိုးလဲ၊ သူတို့နှစ်ယောက်အဆင်ပြေသွားအောင် ဘယ်လိုကြိုးစားကြမလဲဆိုတာ ကြည့်ရှူကြရမှာပါ။ ဒီကားမှာ ချစ်စရာအကောင်းဆုံးကတော့ လူဆိုးကြီးဂါမဒွန်ပါ။ ရုပ်ဆိုးပန်းဆိုးဆိုပေမယ့် မျက်နှာအနေအထားနဲ့စကားပြောပုံက တကယ်ကိုချစ်စရာကောင်းပါတယ်။ နင်ဂျာအဖွဲ့ရဲ့ တလွဲတချော်လုပ်ရပ်တွေကိုလဲ မြင်တွေ့ရမှာဖြစ်သလို LEGO ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း Message လေးတစ်ခုတော့ အမြဲထည့်သွင်းထားတာကိုတွေ့ရပါလိမ့်မယ်။ LEGO crazy တွေအတွက်ကတော့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။