Movie Name
The Pirates Band Of Misfits (2012 )
Year
2012
Generes
Animation, Comedy
Code
AN0238
Type
Movie
Size
852 MB
Country
Hollywood
Description
တိုးတက်လာလွန်းတဲ့ဒီကမ္ဘာကြီးမှာလူတွေဟာအရှုံးသမားတွေများလာကြတယ်ဗျ။ စိတ်ပိုင်းဆိုင်ရာ အရှုံးသမားတွေပေါ့။ ဘာကောင်ကမှ ဘာကောင်မှ မဟုတ်တဲ့ တဒင်္ဂလောကကြီးမှာ တစ်နေ့နေ့မှာဖြစ်ဖြစ် ကိုယ်ဘာကောင်လဲလူတွေဟာ သိပ်ပြချင်ကြတယ်။ ဒီဇာတ်လမ်းဟာ ဘာကောင်မှမဟုတ်ပဲ ဘာကောင်ဆိုတာ ပြချင်လွန်းပြီး တစ်နှစ်တာရဲ့အကောင်းဆုံးပင်လယ်ဓားဆုကို အရယူချင်နေတဲ့ ပင်လယ်ဓားပြ တစ်ယောက် အကြောင်းပါပဲ။ လောကဓံဘယ်လောက်ပဲကြမ်းကြမ်း ကိုယ်ဘယ်လောက်ပဲ အသုံးကျကျမကျကျ ကိုယ်လုပ်နိုင်တဲ့ တစ်စုံတစ်ရာဆိုတာ ရှိနေမှာပါပဲ။ မတတ်နိုင်တာတွေကို ဘာကောင်ဆိုပြီး ပြချင်လွန်းတဲ့အခါ ရှိပြီးသားပျော်ရွှင်မှုတွေပါဆုံးရှုံးရတတ်ပါတယ်။ IMDB rating အရမ်းအကောင်းကြီးမဟုတ်သလို ဘာ Messageမှအလေးအနက်ရမှာ မဟုတ်ပေမဲ့ဘာကောင်မှမဟုတ်တာကို ဘာကောင်လို့သက်သေပြချင်နေပြီး စိတ်ဓာတ်ကျနေသူတွေ ကြည့်သင့်တဲ့ ကားလို့ပဲ ညွှန်းချင်ပါတယ်။ သို့ပေမဲ့ ဇာတ်အိမ်လည်းခိုင် ပေါ့ပါးပါးလည်းဖြစ် ကောင်းလည်းကောင်းတဲ့ ကာတွန်းကားကောင်းတစ်ကားပါပဲ။ လူဆိုတာ မျောက်ဆင်းသက်လာတယ်ဆိုတဲ့ Evolution Theoryကို တင်ပြခဲ့တဲ့ Charles Darwinကိုလည်း လူ့အရှုံးသမား တစ်ယောက်အဖြစ်ပြထားပါသေးတယ်။ Chrales Darwinကို သိတဲ့လူတွေအတွက် ပိုရယ်ရစေမှာပါ။