-
Movie Name
-
The Place Promised In Our Early Days
-
Year
-
2004
-
Generes
-
Animation, Romance
-
Code
-
AN0239
-
Type
-
Movie
-
Size
-
801 MB
-
Country
-
Japan
-
Description
-
The place promised in our early days (2004)
IMDB Rating… 7.1
Rotten Tomatoes…. 80%
စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်…တကယ်တော့ အချစ်ဆိုတာ
ခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့… သူပြောတာလည်း ဟုတ်သလိုလိုပင်..
သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်… အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..
အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်… ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးက
% buffered
00:00
-00:04
Download
Your browser does not support the video tag.
ကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး….
ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ
ဖြစ်ပျက်ခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ…
ကျောင်းသား ကျောင်းသူဘ၀ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေက
သံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့် သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..
သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်… ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..
အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲ
ကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်…
ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ …သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့
ခံစားကြည့်လိုက်ပါဦး…အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့
IMDb rating အနေနဲ့ 7.1 အထိရထားတဲ့
Drama ,Romace,Sci-fi Anime ကောင်းတစ်ခုလည်း
ဟုတ်ပါတယ်။