Movie Name
Tom And Jerry The Fast And The Furry (2005)
Year
2005
Generes
Action, Animation
Code
AN0248
Type
Movie
Size
535 MB
Country
Hollywood
Description
ဖတ်စ်အန်ဖျူရီ ဇာတ်လမ်းအညွှန်း ရတုလင်္ကာ” ရှေးသရောခါ ပြည်ဟောလာဝယ် နာမည်ကျော်လျက် ကြောင်နဲ့ကြွက်ဟု မည်တွင်ပြုရာ ဇမ္ဗူကျော်လွှား ကာတွန်းကားများ ထွက်လေဖူး၏ မော်ဖူးဖွယ်ရာ ကားရာကျော်မှ Third Dimension Animate ဟု စရိတ်ထောင်လွှား ဤဇာတ်ကားကား… အကျဉ်းဆိုရ ဤသို့စ၏။ ကြောင်နှင့်ကြွက်မည် တွမ်ဂျယ်ရီသည် ပြေးချည်လိုက်ချည် ခိုက်ရန်ဖြစ်ပွား ဒေါသများဖြင့် မှီတင်းခိုရာ အိုးအိမ်သာအား ဆန္ဒမပါ မမျှော်သာပဲ ပြိုကာပျက်စီး ဖျက်ဆီးခြင်းသို့ မလျင်းရှေ့မှောက် ရောက်စေလိုက်၏။ အရှုပ်တော်ပုံ အလုံးစုံကြောင့် ငွေပုံစံပြု ယေရှုသခင် ရှင်ကိုယ်တော်မှ မကြာချက်ချင်း ရှုပ်ထွေးခြင်းကို Second Chance တစ်ရပ် ပေးဆပ်ခြင်းဖြင့် ခွင့်ရေးတစ်ခါ ကြုံဆုံလာပြန် အံ့ဖွယ်ထိပ်တန်း ကားပြိုင်ပွဲဟု ခေါ်မည်ပြုကြ အိမ်ကြီးရခိုင် ဆုကြေးပိုင်မည့် ထိုပြိုင်ပွဲအား ဖန်သားပြင်မှ တန်ခိုးပြလျက် လမ်းပြဆောင်သော် ကြောင်နဲ့ကြွက်လည်း မနှေးအမြန် ပြေးကြပြန်၏ တိုတိုကပ်ကပ် နိဂုံးချပ်သော် ဖတ်စ်အင်န်ဖျူရီ အမည်တည်ရ ဤရုပ်ပြတွင်… တစ်ချိန်ခါကကမ္ဘာကျော်အောင် ရွှေရောင်ဖိတ်တောက် ကြွက်နဲ့ကြောင်တို့ ဟာဒရွှင်ဆေး တိုက်ကျွေးလေသည့် အူထိနှလုံးတစ်ကိုယ်လုံးပါ ရွှင်လန်းသာမည့် ကာတွန်းတော်ကြီး ဖြစ်လေတည့်။ ပုံ ရတုဆရာ ထရန်စလိတ်တာ ဆရာရဲခန့်မင်း..