Movie Name
Woody Woodpecker (2017)
Year
2017
Generes
Animation, Family
Code
AN0252
Type
Movie
Size
700 MB
Country
Hollywood
Description
ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတွေကို ကြည့်ရှုချင်သူတွေအတွက် ရယ်ရွှင်မြူးစရာ Comedy-Animation ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဝူဒီဆိုတဲ့သစ်တောက်ငှက်လေးဟာ ကနေဒါနယ်စပ်နားက တောအုပ်တစ်ခုမှာနေနေတဲ့ မျိုးတုန်းပျောက်ကွယ်လုနီးပါး ရှိနေပြီဖြစ်သော သစ်တောက်ငှက်လေးတစ်ကောင်ပါ… အဲ့ဒီအနီးအနားမှာ ကျက်စားနေတဲ့ မှောင်ခိုမုဆိုးတွေကို အမြဲတမ်းလိုလို ပညာပေးလွှတ်နေတဲ့ သစ်တောက်ငှက်လေးပေါ့… တစ်နေ့ သူနေထိုင်တဲ့သစ်တောကို အဲ့ဒီတောအုပ်ကိုပိုင်တဲ့ လူတစ်ယောက်ရောက်လာပါတော့တယ်… အဲ့ဒီလူက တခြားမြို့ကနာမည်ကြီးရှေ့နေတစ်ဦးဖြစ်ပြီး..သူဟာရှေ့နေအကျိုးဆောင်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရပြီးတဲ့နောက် သူအမွေရထားတဲ့ ကနေဒါနယ်စပ်နားက တောအုပ်မှာ အိမ်ဆောက်ဖို့ရောက်လာတာပါ… သူ့ရည်ရွယ်ချက်က အဲ့ဒီတောအုပ်မှာအိမ်ကောင်းကောင်းတစ်လုံးဆောက်ကာ ပြန်ရောင်းပြီး ရတဲ့ငွေနဲ့ ကိုယ်ပိုင်ရှေ့နေလုပ်ငန်းပြန်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ…. % buffered 00:00 -00:03 Download Your browser does not support the video tag. အဲ့ဒီသစ်တောကိုရောက်တဲ့အခါမှာ သစ်တောက်ငှက်လေးဝူဒီဟာ အိမ်ဆောက်တဲ့လုပ်ငန်းကိုလိုက်လံနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးနဲ့သူ့ရည်းစားရဲ့ မျက်မုန်းကျိုးခြင်းကိုခံရသလောက် သူ့သားတွမ်မီနဲ့တော့ အတော်ကိုရင်းနှီးတဲ့ဆက်ဆံရေး ရရှိလာခဲ့ပါတယ်… ဝူဒီဟာ ရှေ့နေရဲ့အိမ်ဆောက်လုပ်ငန်းကိုနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးဟာ မှောင်ခိုမုဆိုးတွေကို အခကြေးငွေပေးပြီး ဝူဒီကိုဖမ်းခိုင်းပါတော့တယ်… ပေါ့ပေ့ါပါးပါး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ရယ်မောပျော်ရွှင်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)