-
Movie Name
-
A Monster In Paris (2011)
-
Year
-
2011
-
Generes
-
Animation, Comedy
-
Code
-
AN0255
-
Type
-
Movie
-
Size
-
966 MB
-
Country
-
Hollywood
-
Description
-
ဒီ ပြင်သစ် 3D animation ရုပ်ရှင်က ဒါရိုက်တာ Bibo Bergeron ရဲ့လက်ရာတစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာဆိုရင် ရုပ်ရှင်ပြစားတဲ့ အေမီယိုနဲ့ ကုန် ပစ္စည်းတွေလိုက်ပို့တဲ့ အလုပ်ကို လုပ်တဲ့
ရာအိုသူငယ်ချင်းနှစ်ယောက်ဟာ မမျှော်လင့်ပဲ ဓာတ်ခွဲခန်းထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးမိခဲ့ပါတယ်။
ပြီးတော့အဲ့ဒီမကောင်းဆိုးဝါးကောင်ဟာ ပဲရစ်မှာလျှောက်သွားပါတော့တယ်။
တွေ့တဲ့လူတိုင်းကသူ့ရဲ့ပုံပန်းသဏ္ဌန်ကြောင့် ကြောက်လန့်တကြားဖြစ်ကြတာပေါ့။
အဲ့ဒီမကောင်းဆိုးဝါးကို ဖမ်းဆီးဖို့အတွက် ကောက်ကျစ်တဲ့ ကော်မရှင်နာ မေနာက စတင်ပြီးလုပ်ပါတော့တယ်။
% buffered
00:00
-00:07
Download
Your browser does not support the video tag.
ရေကြီးမှုပြဿနာကို ဘာမှအကူအညီမပေးတဲ့အတွက်သူ့ကို
ပြည်သူတွေအထင်လွဲမုန်းတီးနေတာကနေ ဖြေရှင်းဖို့အကြောင်းရှာတာပါ။
ဒါပေမယ့်လည်း အဲ့ဒီမကောင်းဝါးကောင်လေးမှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။
အဲ့ဒီစွမ်းရည်လေးကြောင့်ပဲ မကောင်းဆိုးဝါးကောင်လေးက ပဲရစ်မှာရှိတဲ့ သူဌေးတွေသာ လာလို့ရတဲ့
ကပွဲရုံတစ်ခုကိုရောက်သွားပါတယ်။
အဲ့ဒီမှာ အဆိုတော်မလေး လူစီလီနဲ့တွေ့ဆုံရပါတော့တယ်။
လူစီလီက သူ့ကိုနာမည်လေးတစ်ခုပေးပြီး ကပွဲရုံမှာ တိတ်တဆိတ်ခေါ်ထားပေးပါတယ်။
သူဟာ ပုံသဏ္ဌာန်ကသာမကောင်းဆိုးဝါးဖြစ်နေပေမယ့် လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတာမျိုးမလုပ်ခဲ့ပါဘူး။
တခြားအမြတ်ကြီးစား ကိုယ်ကျိုးကြည့်တဲ့လူသားတွေလိုမျိုး မဟုတ်ခဲ့ပါဘူး။
ဒီဇာတ်ကားလေးက ခံစားကြည့်မိမယ်ဆိုရင် တကယ့်မကောင်းဆိုးဝါးဆိုတာ ဘယ်လိုမျိုးလဲ
အပြင်ပန်းကိုသာ ကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို တွေ့ရမှာပါ
ဒါ့အပြင်ဇာတ်လမ်းထဲမှာ ပါတဲ့သီချင်းလေးတွေကလဲကောင်းတာမို့
စာသားတွေကိုလည်း ဘာသာပြန်ပေးထားပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yuki ဖြစ်ပီး Arkar Phyo မှ Encoded လုပ်ပေးထားပါတယ်။)