Movie Name
Dragon Ball Super Broly (2019)
Year
2019
Generes
Action, Adventure
Code
AN0261
Type
Movie
Size
873 MB
Country
Japan
Description
Dragon ball ဆိုတာ အောင်မြင်ကျော်ကြားပြီး ပရိသတ်အများအပြားရရှိထားတဲ့ animation ကားလေးတွေပါ ၂၀၁၈ခုနှစ်မှာတော့ Rating 8.3 အဆင့်ရှိတဲ့ Dragon ball animation မှနောက်ဆုံးသော Legendary super saiyan တစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားနာမည်ကိုက Dragon Ball Super:Broly ပါ % buffered 00:00 -00:04 Download Your browser does not support the video tag. ဒီဇာတ်ကားနာမည်အတိုင်းပဲ Broly ဟာ တိုက်ခိုက်ရေးမှာတော်တော်ကြမ်းပြီး မွေးကတည်းက unlimited battle power နဲ့မွေးဖွားခဲ့တဲ့ Saiyan တစ်ယောက်ပါ သူ့လို စွမ်းအားကြီးတဲ့ Saiyan တစ်ယောက်က ဘာကြောင့်အခုမှပေါ်လာတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာရှင်းပြသွားပါတယ် Broly ကမ္ဘာပေါ်ကို ရောက်လာခဲ့တာကလည်း Frieza ဆိုတဲ့ villain နဲ့ပေါင်းပြီး vegeta ဆီကိုလက်စားချေဖို့ရောက်လာခဲ့တာပါ ပြီးတော့ Goku နဲ့ Vegeta တို့ရဲ့battle power ဟာ ထိပ်တန်းမှာရှိနေတဲ့သူတွေပါ ဒါပေမယ့် သူတို့တောင် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပါတယ် တိုက်ခိုက်ရေးမှာ အကြမ်းဆုံးဆိုတဲ့ Beerus ထက်ပိုကြမ်းသလား ဆိုတာကတော့ မြုပ်ကွက်အနေနဲ့တမင်သက်သက်ကြီးကို ချန်ထားခဲ့တယ် Dragon ball ဆိုရင် Goku ကိုပဲပြေးမြင်မိမှာပါ ဒီဇာတ်ကားထဲမှာတော့ Goku ကို သဘောကျတဲ့ပရိသတ်တွေ သူ့အတွက် စိတ်မကောင်းဖြစ်လောက်အောင်လည်း လုပ်ပြထားပါသေးတယ် နိဂုံးချုပ်အနေနဲ့ ပြောပြရရင်တော့ ပရိတ်သတ်အခိုင်အမာရထားပြီးဖြစ်တဲ့ ဒီ animation ဇာတ်ကားလေးဟာ အထူးညွှန်းဆိုစရာမလိုလောက်အောင် ရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…