Movie Name
Grave Of The Fireflies (1988)
Year
1988
Generes
Animation, Drama
Code
AN0265
Type
Movie
Size
757 MB
Country
Japan
Description
Grave of the Fireflies (1988)ဟာဆိုရင်ဖြင့် best animation movie of all timeထဲက တစ်ကားအဖြစ်သတ်မှတ်ခြင်းခံထားရပြီး. IMDB.Rating အားဖြင့်လည်း အံသြစရာကောင်းလောက်အောင်8.5ထိရရှိထားတဲ့ animeဖြစ်လို့ကြည့်ဖစ်အောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ… % buffered 00:00 -00:07 Download Your browser does not support the video tag. .အညွှန်းပေးရမယ်ဆိုရင်တော့…. ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန် ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေ ခိုကြရတဲ့အချိန်မှာ…..ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့ သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်… အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်. .အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့. .ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်း အမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်.. ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့ အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်.. အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်.. ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက် အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်.. ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးအရင်က မိသားစု စုံစုံလင်လင်ရှိချိန်တွေပြန်စဉ်းစားကြတယ်.. တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာ သူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲ…. သူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား.. ဒီကားလေးကိုဂျပန်လို အဓိပ္ပါယ်ဆိုရင်”ပိုးစုန်းကြူးတို့ရဲ့ ဝိဉာဉ်” လို့ခေါ်ဆိုပါတယ်.. ဒီရဲ့အဓိပ္ပါယ်ကရော ဘာကြောင့်ခေါ်တာလဲဆိုတာ အပြည့်အဝဆက်သိချင်ရင်တော့ ဒီကားလေးကို ဆက်လက်ကြည့်လိုက်ပါလို့ပြောချင်ပါတယ် ဂျပန်လူမျိုးတို့ရဲ့ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေပုံကနေ ခေတ်မှီတဲ့နိုင်ငံတော်တစ်ခုဖြစ်ရောက်အောင် ဘယ်လိုစိတ်အင်အားတွေကတွန်းပို့ပေးခဲ့လည်းဆိုတာ ဒီဇာတ်ကားလေးက သရုပ်ဖေါ်ပြပေးနေသလို.. သနားစို့နင့်မှုတွေနဲ့တကွ..လောကဒဏ်ကို ကြံကြံခိုင်တွန်းလှန်စေရဲမဲ့သတ္တိတွေ..စစ်အတွင်းမှာ သားကောင်ဖြစ်ခဲ့ရတဲ့ပြည်သူတွေရဲ့ဘဝနဲ့အကိုတယောက်က သူ့ညီမလေးအပေါ်မှာထားရှိတဲ့မေတ္တာတွေကို ပြည့်ပြည့်၀၀ဖေါ်ကျူးထားတဲ့ Best Animation Movie Of All Time သတ်မှတ်ခံထားရတဲ့ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ ကိုယ်ပါခံစားမိလာပြီး.. မျက်ရည်ကျတဲ့အထိပါပဲ…CM Fan တွေလည်းခံစားကြည့်လိုက်ပါဦး