Movie Name
Loving Vincent (2017)
Year
2017
Generes
Animation, Biography, Crime
Code
AN0276
Type
Movie
Size
813 MB
Country
Hollywood
Description
သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်…။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။