Movie Name
Mirai (2018)
Year
2018
Generes
Animation, Drama
Code
AN0277
Type
Movie
Size
896 MB
Country
Japan
Description
Mirai(2018) IMDb…..7.2,,,Rotten….92%” ကွန်” ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိန်မျိုးမှာမှ သူ့ဘဝထဲကို “မိရိုင်” ဆိုတဲ့ ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ “မိရိုင်” ဆီအလိုလိုရောက်ရှိသွားပါတယ်… ၄နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲရမှုတွေက ညီမလေး “မိရိုင်” ဆီ ဒေါသအဖြစ်ရောက်သွားပါတော့တယ်။ ဒီလိုမျိုး တစ်ယောက်တည်းအထီးကျန်နေတဲ့ “ကွန်” ဆီကို ညီမဖြစ်သူ “မိရိုင်” ကအနာဂတ်ကနေ လူငယ်အသွင်ရောက်ရှိလာတဲ့အခါ “ကွန်” % buffered 00:00 -00:01 Download Your browser does not support the video tag. တစ်ယောက်ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ “မိရိုင်” ကရော ဘာလို့အနာဂတ်ကနေ ရောက်လာရတာလဲ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ ကလေးတစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒါရိုက်တာ “Mamoru Hosoda” ရဲ့ ဇတ်ကားအသစ်ဖြစ်တဲ့ “Mirai” ဆိုတဲ့ ရုပ်ရှင်က အခုဆိုရင် Best Animation Film nominee အဖြစ် ၉၁ ကြိမ်မြောက် Oscar ဆန်ကာတင်စာရင်းမှာလည်း ပါနေပါသေးတယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်…