Movie Name
One Piece Stampede (2019)
Year
2019
Generes
Action, Animation
Code
AN0285
Type
Movie
Size
946 MB
Country
Hollywood
Description
One Piece Anime ရဲ့သက်တမ်း နှစ် ၂၀ ပြည့် ထုတ်တဲ့ ၁၄ ကားမြောက် ရုပ်ရှင်ပါ။ Sky Island ပီးနောက်ကြေငြာထားတဲ့ကားပါ။ One Piece ဖန်တိုင်းမျှော်နေခဲ့ကြတဲ့ကားပါပဲ။ ရုံမတင်တဲ့အပြင် အကြည်ကိုလည်ပင်းရှာမျှော်ခဲ့ရတဲ့ကားပါ။ ခရမ်းချဉ်သီး 92 လုံးနဲ့ IMDB 8.1 ရထားပါတယ်။ Time Line အနေနဲ့ ကတော့ Wano မရောက်ခင်နဲ့ % buffered 00:00 -00:08 Download Your browser does not support the video tag. Big Mom ကိုသွားကလိပြီးတဲ့ အချိန်ကြားလို့ယူဆရပေမယ့် Movie ထဲမှာ လုဖီရဲ့ ဆုကြေးက ၁၅ ဘီလီယံ ဖြစ်နေတော့ Wano အပြီးလို့လဲထင်စရာရှိပါတယ် ဒါပေမဲ့ Non-Canon ဖြစ်တဲ့အတွက် Timeline နဲ့မဆိုင်တော့သိပ်တော့ ခေါင်းစားစရာမရှိပါဘူး။ ကာရိုက်တာ Art ‌တွေအရ အခု Anime onging မှာ ရောက်နေတဲ့တစ်ဝိုက်လို့ပဲမှတ်ရပါတယ်။ ဇတ်လမ်း က‌တော့ ပင်လယ်ဓားပြတွေအတွက်ကျင်းပတဲ့ ပင်လယ်ဓားပြပွဲတော်ကြီး ကို အမှတ်မရှိအမြဲကမြင်းကြောထချင်‌နေတဲ့ လူဖီ က ပင်လယ်ဓားပြဘုရင် အသံကြားပြီးတော့ ဖင်တကြွကြွဖြစ်နေတာကြောင့် ရောက်သွားရာကနေ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။ ပင်လယ်ဓားပြပွဲတော်မှာ Gol D Roger ရဲ့ ရတနာတစ်ခုကို ပြိုင်လုတဲ့ပွဲတစ်ခု ပါခဲ့ပြီး ကျင်းပတဲ့သူက ရော်ဂျာခေတ်က ပွဲစီစဉ်သူတစ်ယောက်ပါ။ (စပွိုင်==တကယ်က ငနဲသားရဲ့ စကောလောက်မှစောက်မနက်တဲ့ အကြံနဲ့ ရေတပ်နဲ့ ပင်လယ်ဓားပြတွေကိုစိန်ခေါ်တဲ့ပွဲပါ။) တစ်ကမ္ဘာလုံးက ရှိရှိသမျှ ပင်လယ်ဓားပြ‌တွေ လာပြိုင်ကြပြီး Sabaody မှာရေတပ်တွေကို မိုက်‌ကြေးခွဲသွားခဲ့တဲ့ Worst Generation ထဲက လူဖီ ရဲ့ မိတ်ဆွေမကျ ရန်သူမကျကောင်‌တွေပါ လာပြိုင်ကြပါတယ်။ အဲ့ဒီမှာ ဘူးလက်ပေါ်လာပြီး အကုန်သမပါတယ်။ အများကြီးထပ်ညွှန်းရင် စပွိုင်ကြီးတွေမိကုန်ပါတော့မယ်။ Fight Scene အဂျွတ်ကြီးတွေပါပါတယ်။ ကာရိုက်တာအပိုင်း‌လေးတွေထည့်ရရင်‌တော့ အကုန်နီးပါး ပါပါတယ်ဗျ Sabo ၊ Smoker ကစလို့ မြင်တာနဲ့ဖြတ်ရိုက်ချင်စရာဆုတောင်းနဲ့ပြည့်တဲ့ Kizaru၊ Crocodile၊ Cypher 4 ၊ကလိန်ကကျစ် Foxy အဆုံး အကုန်နီးပါးပါပဲ။ Main Villain ဖြစ်တဲ့ Douglas Bullet အကြောင်း လေးပြောရရင် မူလက Galzburg ကစစ်သားပါ အဲ့ကနေ ပြဿနာတက် ပင်လယ်ထွက်ခဲ့ပြီး ရော်ဂျာကသူ့ကို အနိုင်ယူနိုင်ခဲ့လို့ ရော်ဂျာဆီမှာ ဓားပြဝင်လုပ်ပါတယ် Demon Heir (နတ်ဆိုးအမွေခံလို့)သိကြပြီး ရော်ဂျာသေပြီးနောက် ဝေလေလေဖြစ်ပြီး အကုန်ပတ်ရမ်းနေရင်း ရေတပ်က B-Call နဲ့ ဖမ်းပြီး Impel Down ကိုပို့လိုက်ပါတယ် ထောင်ကို မုတ်ဆိပ်မဲ ဝင်အချောင်နှိုက်ချိန်မှာလွတ်သွားခဲ့ပြီး ဒီပွဲကျမှပြန်ပေါ်လာတာပါ။ Ability အနေနဲ့ တော့ ရော်ဂျာနဲ့တောင်ယှဉ်ချနိုင်ပြီး Rayleigh နဲ့တန်းတူရှိပါတယ် ။ ဆိုတော့ Physical Strength ကတော့ပြောစရာလိုမယ်မထင်ပါဘူး။ နတ်ဆိုးသီးကတော့ Gasha Gasha no Mi အသီး (Sound of metal clankingーတစစီဖြုတ်/တပ်လုပ်နိုင်တဲ့ အစွမ်း) ဖြစ်ပြီးတော့ နိုးထတဲ့ အဆင့်ထိ Train ထားပါတယ်။ (PS – လူဖီက ရော်ဂျာနဲ့တန်းယှဉ်ချတဲ့ အစွမ်းနိုးထပြီးသား ဘဲကိုတီးနေလို့ Timeline ကို Wano နောက်ပိုင်းလို့ပဲယူဆလို့ရပါတယ်) ဒီကားမှာ အကြိုက်ဆုံးနဲ့ ကြက်သီးပါထမိတာတော့ လူဖီနဲ့ One/One ယှဉ်ဗျင်းတဲ့အချိန်မှာ We Are နောက်ခံသီချင်းနဲ့ အမှောက်တီးတဲ့အခန်းရယ် နောက်တစ်ခုက ဇတ်ကားပြီးခါနီး ひけん(Hiken)Fire Fist ဆိုတဲ့အသံနဲ့ ဆာဘိုဆီက မီးတန်းကြီးထွက်လာချိန် အေ့စ့် နဲ့ ဆာဘိုတို့ နှစ်ယောက်တွဲလျှက်ပုံကိုမြင်လိုက်ရတဲ့အချိန်တို့ပါပဲ။ * မှတ်ချက်။ ။ကျနော်နောက်ဆုံးရှာပြီးတဲ့အချိန်ထိ စာဖိုင် အပြည့်အမှန်မထွက်သေးပါဘူး။ ကြည့်ဖို့စောင့်နေတဲ့သူတွေအတွက် ဇတ်ကားအကြည်ရချင်း ရတဲ့စာဖိုင်ကို ဖြတ် ၊ညှပ် ၊ကပ်ပြီး ကြိုးစားဘာသာပြန်ထားတာဖြစ်တဲ့အတွက် အမှားပါရင် ဖန်များ ခွင့်လွှတ်ကြပါ။