Movie Name
Reign Of The Supermen (2019)
Year
2019
Generes
Action, Animation
Code
AN0294
Type
Movie
Size
599 MB
Country
Hollywood
Description
DC fan တွေအတွက်တော့ Aquaman 1Billion ဂယက်အပြီးမှာနောက်ထပ်ဂယက်ထဖို့အကြောင်းဖန်လာပြန်ပါပြီ။ အဲဒါကတော့ Death of Superman ရဲ့အဆက် Reign of Superman ပါပဲ။ Doomsday နဲ့တိုက်ပွဲအပြီးမှာ Superman သေဆုံးသွားတဲ့အတွက်တစ်ကမ္ဘာလုံးဟာ နှမြောတသဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ သူ့ရဲ့ကွက်လပ်ကိုဖြည့်တင်းဖို့အတွက် Superman တွေများစွာပေါ်ပေါက်လာပါတယ်။ အဲဒီ Superman တွေကဘယ်သူတွေလဲ၊ ဘယ်ကလာတာလဲ၊ ဘာရည်ရွယ်ချက်ကြောင့်လာတာလဲ ဘယ်သူမှမသိကြပါဘူး။ % buffered 00:00 -00:08 Download Your browser does not support the video tag. Superman ရဲ့နေရာကိုဆက်ခံဖို့ရော ထိုက်တန်ကြရဲ့လား။ နောက်ပြီး Superman အစစ်ရဲ့ရုပ်ကြွင်းကလည်း ဘယ်ကိုရောက်သွားတာလဲ။ ဒါကိုလည်းမသိကြပါဘူး။ အရာအားလုံးဟာ ပဟေဠိဆန်ဆန်ဖြစ်နေပါတယ်။ ဒီရုပ်ရှင်ရဲ့ Plot ကတော့ အများကြီးပြောပြလို့မရတဲ့အထဲမှာပါတယ်ဗျ။ Superman မရှိတော့တဲ့နောက်ပိုင်းSuperman ကိုလိုက်တုတဲ့သူတွေ ပေါ်လာတယ်။ လူတွေကိုကယ်တယ်။ အဲဒီလိုဇာတ်ကောင်တွေကို တဖြည်းဖြည်းချင်းမိတ်ဆက်၊ နောက် သူတို့ရဲ့ Identity တွေဖော်သွားပြီးမှ ဇာတ်လမ်းကျောရိုးပေါ်လာတာကြောင့်ပါ။ DC ဖန်တွေအတွက်လုံးဝကြည့်ရကျိုးနပ်စေမယ့် ကြက်သီးထစေမယ့် အခန်းတွေလည်း အများကြီးပါပါတယ်။ နောက်ပြီးတော့ Credit Scene တစ်ခုလည်းပါပါသေးတယ်။ ကဲ အများကြီးညွှန်းမနေချင်တော့ဘူးဗျာ။ DCAMU က ကျွန်တော်တို့ကို ဘယ်တုန်းကစိတ်ပျက်အောင်လုပ်ခဲ့ဖူးလို့လဲ။ မြန်မြန်သာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။