-
Movie Name
-
Spider-Man Into The Spider-Verse (2018)
-
Year
-
2018
-
Generes
-
Action, Animation, Adventure
-
Code
-
AN0296
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
With great power comes great responsibility
ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်
% buffered
00:00
-00:07
Download
Your browser does not support the video tag.
ဒီစကားပုံလေးကိုမြင်တာနဲ့
long long ago Spider man movie ထဲက
Uncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ
Spider man ဆိုတဲ့ comic character
ကို Tobey Magurie နဲ့ triology
ရိုက်ခဲ့သလို Andrew Garfield နဲ့လဲ
၂ ကားထပ်ရိုက်ခဲ့ပါတယ်
Tobey ရော Andrew ရော
အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ
အခု Into the spiderverse ဆိုပြီး
Animation တစ်ကားထပ်ထွက်လာပါတယ်
ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော်
ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ်
ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ
အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ်
အခြား comic game reference တွေယူပြီး
သူ့ဘာသူတည်ဆောက်သွားတယ်
spider man 6 ယောက်ထည့်သွင်းထားတယ်
spiderverse ဆိုတဲ့အတိုင်း
multiverse တွေကလာတဲ့အခြား
spider man တွေပါလာတယ်
ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့
ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး
portal တွေဖွင့် အခြားuniverse က
သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ်
ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့
side effect ကြောင့် reality တွေပျက်စီးပြီး
မြို့ပျက်တော့မှာသိလို့ ပီတာပါကာက
ဝင်တားတယ် အဲ့အချိန်မှာပဲ မိုင်းစ်မိုရဲလတ်စ်က
ပင့်ကူကိုက်ခံရပြီး spider man
အစွမ်းတွေရခါစ ဒီလိုနဲ့ multiverse တွေက
portal တွေပွင့်ပြီး မိုင်းစ်မိုရဲလတ်စ် တို့
universe ကို အခြား universe တွေက
Peter Parker, Spider Gwen, Peni Parker,
Spider man Noir နဲ့ PeterPorker တို့ရောက်လာပါတယ်
အတော်လေးကိုပြီးပြည့်စုံတဲ့
story lineလို့မြင်မိပါတယ်
Animationပိုင်းတွေကတော့ပြောစရာကိုမလိုဘူး
Peni Parker တို့ Peter Porker
(SpiderHam) တို့ပါထည့်ထားတာ
စိတ်ဝင်စားဖို့ကောင်းတယ်
အကောင်းဆုံးလို့ဆိုရမှာက
theme song နဲ့ background music ပဲ
theme song တွေက unique ဖြစ်တယ်
ဥပမာ Prowler လာတဲ့အခန်းတွေမှာဆို
သူလာမှန်းသိရတဲ့ theme song မျိုးတွေ
Spider man ဇာတ်ရုပ်တိုင်းမြူ းမြူ းကြွကြွ
theme song တွေက ကြည့်ရတာ
တကယ်မိုက်တယ် အားတက်စရာကောင်းတယ်
plot ကလဲအတော်လေးကိုကွဲထွက်တယ်
ပြီးတော့အခြား spider man game တွေ
ထဲက villain တွေပါတွဲမြင်ရတာအားရစရာပါ
ကျွန်တော် Marvel ရော DC fan ပါ
ဒါပေမယ့်အဲ့ထဲမှာ အသနားမိဆုံးက
spider man ပဲ
အခြား superhero တွေလိုမချမ်းသာဘူး
နာမည်မကြီးဘူး သာမန်ဓာတ်ပုံဆရာလေးတစ်ယောက်
နေ့စဉ်အလုပ်တွေနဲ့ ရုန်းကန်နေတဲ့ကြားက
အသက်ကယ်ဖို့ နှစ်ခါပြန်မစဉ်းစားတဲ့
Super strength နဲ့သာမညလူသား
သူ့အတွေးကရိုးစင်းတယ်ဒါပေမယ့် သူ့
အပြုအမူနဲ့ဆုံးဖြတ်ချက်ကအောချရတယ်
ဘယ်အခြေနေမှာဖြစ်ဖြစ် spider man
ဆိုတာစိတ်ဓာတ်ကျတတ်တဲ့ hero မဟုတ်ဘူး
သူ့ကြည့်လိုက်ရင်အမြဲပျော်ရွှင်နေတတ်တဲ့ကျွန်တော်တို့ရဲ့
friendly neighbourhood spider man
Animation ကားလို့ဆိုပေမယ့် Tobey ရဲ့
spider man တုန်းကလိုဖီလ်းမျိုးအငွေ့အသက်မျိုး
ပြန်ခံစားလိုက်ရတယ်
ကြည့်ရတာတော်တော်တန်ပါတယ် Spider man ကို
ကလေးဘဝကတည်းကကြိုက်ခဲ့တာခုချိန်ထိပဲ
ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က အညွှန်းရေးပေးထားပြီး
ဟိန်းသက်နိုင် နဲ့ မျိုးညွှန့် တို့က ဘာသာပြန်ပေးထားပါတယ်