-
Movie Name
-
UglyDolls (2019)
-
Year
-
2019
-
Generes
-
Animation, Comedy
-
Code
-
AN0313
-
Type
-
Movie
-
Size
-
631 MB
-
Country
-
Hollywood
-
Description
-
UglyDolls (2019)
၂၀၁၉ မေလမှာ ထွက်ရှိခဲ့တဲ့ သီချင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့
အဆိုတော် တစ်ပြုံတစ်ခေါင်းနဲ့ ထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးပါ။
နာမည်ကြီးကားတွေကြားထဲမှာ ထွက်ခဲ့ရတဲ့အတွက် အရမ်းမသိလိုက်ကြဘူး ထင်ပါတယ်။
အသံသရုပ်ဆောင်တွေအနေနဲ့ Kelly Clarkson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး
X Factor ရဲ့ ဒိုင်တစ်ဦးလည်း ဖြစ်တဲ့ Blake Shelton လည်း ပါဝင်ပါတယ်။
% buffered
00:00
-00:03
Download
Your browser does not support the video tag.
Nick Jonas, Janelle Monae, Pitbull တို့လည်း ပါပါသေးတယ်။
Asian Artist အနေနဲ့ ဝမ်လီဟုန် (Wang Lee Hom) လည်း ပါပါသေးတယ်။
သီချင်းတွေ အများကြီး နားထောင်ရမှာဆိုတော့ ကြည့်ရမှာအရမ်းတန်ပါတယ်။
ဒါကတော့ ဇာတ်လမ်းရဲ့ထူးခြားချက်ပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
ရုပ်ဆိုးရုပ်ကလေးတွေ ရုပ်ဆိုးတောင်ကြား (Uglyville) မှာ နေကြပါတယ်။
မော်စီဆိုတဲ့ အရုပ်မလေးကလေး ဒီရွာသူတစ်ယောက်ပါ။
သူကတော့ သူတို့ရွာရဲ့တခြားတစ်နေရာမှာ သူတို့ကို ချစ်ပေးမယ့် လက်ခံပေးမယ့်
ကလေးလေးတွေ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။
ကမ္ဘာအကြီးကြီးလည်း ရှိတယ်လို့ သူမက ယုံကြည်ထားပါတယ်။
ဒီတော့ သူ့သူငယ်ချင်းတွေနဲ့ အဲဒီကို ရောက်အောင်သွားဖို့ ကြိုးစားပါတော့တယ်။
ဟိုကိုရောက်တဲ့အချိန်မှာတော့ သူမ မျှော်လင့်ထားသလို ဖြစ်မလာဘဲ
အရုပ်လှလှလေးတွေက သူမတို့ကို ပညာတွေ ပေးပါတော့တယ်။
အရုပ်တွေအနေနဲ့ ကမ္ဘာအကြီးကြိးကို ရောက်ဖို့က သံမဏိလက်အိတ်ဆိုတဲ့ ပြိုုင်ပွဲကို ယှဉ်ပြိုင်ကြရပါတယ်။
ဒီတော့ သူမလည်း ယှဉ်ပြိုင်ဖို့ ကြိုးစားပါတော့တယ်။
သူမ ပြိုင်ခွင့်ရလား … မရလား? အနိုင်ရပြီး ကမ္ဘာအကြီးကြီးဆီကို သွားခွင့်ရမလားဆိုတာကိုတော့
ပိတ်သားပြင်မှာ ဆက်လက်ရှုစားကြပါ။
ဇာတ်လမ်းက ပေးချင်တဲ့ message က အရမ်းကောင်းပါတယ်။
အခုခေတ်မှာ ခေတ်စားနေတဲ့ Body Shaming လိုမျိုးပါ။
ကိုယ့်မှာ ရှိတဲ့ အားနည်းချက်ကို အားသာချက်အဖြစ် ယူဆလိုက်ရင် ဘယ်အရာကိုမဆို ရင်ဆိုင်သွားနိုင်မှာပါ။
ရုပ်ဆိုးတယ် ဆိုပြီး စိတ်ဓာတ်ကျနေစရာ မလိုသလို
သူများထက် ချို့ယွင်းချက်ရှိတယ် ဆိုပြီး ဂုဏ်ငယ်နေစရာလည်း မလိုပါဘူး။
No man is perfect ပါ။
ဘယ်သူ ဘာပြောေြ့ပာ စိတ်ဓာတ်ကျမနေဘဲ ကိုယ့်မှာရှိတဲ့ အစွမ်းအစကိုသာ အကုန်ထုတ်သုံးပါ။
အကုန်လုံးက အသိအမှတ်ပြုလာပါလိမ့်မယ်။
ကဲ…..ရုပ်ဆိုးရုပ်ကလေးတွေကို အားပေးလိုက်ကြရအောင်ဗျာ။
ဘာသာပြန် နဲ့ အညွှန်းကတော့ August ပါ