Movie Name
Shifting Gears (2018)
Year
2018
Generes
Action, Comedy
Code
01076
Type
Movie
Size
727 MB
Country
Hollywood
Description
တွမ် ကာရိုး ဂျယ်ရမီ နဲ့ စတီဖင်နာတို့မိသားစုလေးယောက်က အမေရိကန်နိုင်ငံမြောက်ပိုင်းကပြည်နယ်တစ်ခုမှာနေထိုင်ကြပါတယ် အဖေဖြစ်သူတွမ်က သားဂျယ်ရမီကိုဘွဲ့ယူအပြီး တက္ကသိုလ်တစ်ခုခုကိုတက်စေချင်ခဲ့ပေမဲ့ သားဖြစ်သူဂျယ်ကတော့ အသက်မွေးဝမ်းကြောင်းကောလိပ်မှ စက်ပြင်ပရိုဂရမ်ကျောင်းသာတက်ချင်ခဲ့ပါတယ် တွမ်ဟာအလုပ်မှာရာထူးအပြောင်းအလဲဖြစ်ပြီးနယ်မြို့ကိုပြောင်းရဖို့ဖြစ်နေတဲ့အချိန် အဖေဖြစ်သူဆီကနေ ကားဝပ်ရှော့နဲ့ဆီဆိုင်ကိုအမွေရခဲ့ပါတယ် ဒါကြောင့်ပိုင်ဆိုင်သမျှတွေကိုရောင်းပြီး ဆီဆိုင်ရှိရာမြို့ကိုပြောင်းလာခဲ့ကြပာတယ် ဂျယ်ရမီက အဖိုးဖြစ်သူရဲ့သွေးပါသူပီပီ ပြိုင်ကားမောင်းခြင်းကိုဝါသနာအရမ်းပါသူဖြစ်ပါတယ် တစ်မိသားစုလုံးလုပ်ငန်းစဖို့ပြင်ဆင်နေချိန်မှာ ကွန်ရက်ဗိန်းလို့ခေါ်တဲ့လူတစ်ယောက်ရောက်လာပြီး ဆီဆိုင်နဲ့ဝပ်ရှော့ရဲ့အရင်ပိုင်ရှင်က သေသွားတာကြောင့်အများပိုင်ပစ္စည်းအဖြစ်လေလံပစ်မည့်အကြောင်းလာရောက်ပြောခဲ့ပါတယ် တွမ်ရဲ့အဖေနဲ့ အရင်ပိုင်ရှင်ကြားသဘောတူညီမှုကြောင့် အကြွေးတွေလေလံပွဲမတိုင်ခင်ပြန်ဆပ်ဖို့တစ်မိသားစုလုံးဒုက္ခရောက်ခဲ့ရပါတယ် ပိုက်ဆံရဖို့တစ်ခုတည်းသောနည်းကတော့ အမေရိကန်နိုင်ငံရဲ့ ကားပြိုင်ပွဲမှာ ဂျယ်ရမီဝင်ပြိုင်ဖို့ပဲဖြစ်ပါတယ် ငါးနှစ်ဆက်တိုက်ချန်ပီယံဖြစ်တဲ့ ကွန်ရက်ဗိန်းဆိုတဲ့ လူကို ဂျယ်ရမီတစ်ယောက်ယှဉ်ပြိုင်နိုင်ပါ့မလား ဆီဆိုင်နဲ့ ဝပ်ရှော့အတွက် တွမ်တို့မိသားစုအကြွေးတွေပြန်ဆပ်နိုင်ဖို့က ဂျယ်ရမီအပေါ်မှာပဲမူတည်နေတာမို့ ပြိုင်ပွဲကဘယ်လိုဖြစ်သွားမလဲ ဒီဇာတ်ကားလေးကနေကြည့်ကြည့်ရအောင်