-
Movie Name
-
Crazy Beautiful You (2015)
-
Year
-
2015
-
Generes
-
Drama, Romance
-
Code
-
01990
-
Type
-
Movie
-
Size
-
490 MB
-
Country
-
Philippines
-
Description
-
ကဲဒီတခါဒရာမာကားလေးကြိုက်တဲ့သူတွေအတွက် IMDB rating 7.4/10 ထိရရှိထားတဲ့
ဖိလစ်ပိုင်ကားလေးတကားညွန်းချင်ပါတယ်။
ဂျာကီဆိုတဲ့ကောင်မလေးကဆယ်ကျော်သက်ဂျစ်ကန်ကန်ကောင်မလေးပါ။
အိမ်တွင်းရေးပြဿနာတွေကြောင့်လူငယ်ဆိုးလေးတယောက်ဖြစ်နေတာပါ။
တတော်တဆမှုဖြစ်ပြီးကွာရှင်းထားတဲ့မိဘတွေပြန်လာတွေ့တော့မိခင်ဖြစ်သူနဲ့ပြန်ပါသွားပြီး
မိခင်အလုပ်မှာဝင်ကူပေးဖို့အကြောင်းဖန်လာပါတယ်။
အဲဒီမှာပဲကီကိုဆိုတဲ့ကောင်လေးနဲ့တွေ့တာပါပဲ။
ကီကိုဟာလည်းမိသားစုပြဿနာတွေနဲ့လူငယ်တယောက်ပါ။
ဒါပေမယ့်ဂျာကီလိုဂျစ်ကန်ကန်မဟုတ်ပဲလောကကြီးကိုအမြင်တမျိုးနဲ့ကြည့်နိုင်သူပါ။
ဒီလိုနဲ့ဂျာကီတယောက်ကီကိုနဲ့အတူရွာလေးတရွာမှာလုပ်အားပေးရပါတော့တယ်။
အဲဒီရွာလေးမှာပဲဂျာကီနဲ့အမြင်တွေအားလုံးပြောင်းလဲသွားပါတော့တယ်။
သူလောကကြီးကိုမြင်တဲ့အမြင်၊သူ့ဘဝကိုမြင်တဲ့အမြင်တွေဟာလုံးဝကွဲလွဲသွားပါတော့တယ်။
ဘာကအရေးကြီးသလဲ၊ဘယ်လိုစိတ်နဲ့နေတတ်ရမလဲဆိုတာတွေအများကြီးရသွားပါတယ်။
ဒရာမာကားပေမယ့်အတွေးတခုတော့ပေးမှာပါ။
လူတိုင်းတွေးတတ်တဲ့အတွေးလေးကိုပြသွားတာပါ။
ဆိုတော့ဂျာကီဆိုတဲ့ကောင်မလေးဘယ်လိုတွေကီကိုနဲ့ခရီးဆက်မလဲ။
ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ရှုစားကြည့်ကြပါဗျာ။
(မင်းသမီးလေးကမဆိုးဘူးချေ.စရာလေးငိငိ)