Movie Name
Blue Beard (2017)
Year
2017
Generes
Thriller
Code
01856
Type
Movie
Size
851 MB
Country
Korea
Description
ဂန်းနမ်မှာ ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ဒေါက်တာဗြောင်းဆန်းဟွန်း တစ်ယောက် ငွေကြေးအခက်အခဲကြောင့်သူ့ ဆေးခန်း ပိတ်သိမ်းလိုက်ရတဲ့အခါမှာတော့ အခြားပြည်နယ်တစ်ခုကဆေးရုံတစ်ခုမှာ ဆရာဝန်အနေနဲ့  သွားရောက် လုပ်ကိုင်ခဲ့ပါတယ် အဲ့ဒီဒေသမှာနေထိုင်ဖို့ အတွက် သားသတ်ဆိုင်တစ်ဆိုင်ရဲ့ အပေါ်ထပ်မှာငှားရမ်းနေထိုင်ရင်း အောက်ထပ်က သားသတ်ဆိုင်ကလူတွေနဲ့ လည်းတဖြည်းဖြည်း ပိုပိုပြီး ရင်းနှီးလာခဲ့တယ် သူသွားနေထိုင်ရတဲ့ ဒေသက မဖော်ထုတ်နိုင်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ နာမည်ကြီးတဲ့ ဒေသဖြစ်ပါတယ် တစ်နေ့ မှာတော့ သူနေတဲ့နေရာနားတစ်ဝိုက်မှာ ဦးခေါင်းပြတ်အလောင်းတစ်လောင်း ရှာတွေ့ ခဲ့ပါတယ် အမှတ်မထင်ပဲ ဒီအမှုက သူ့ အောက်ထပ် သားသတ်ဆိုင်က သားအဖနှစ်ယောက်နဲံပတ်သက်မှုရှိတာကို သိလာတဲ့ အချိန်မှာတော့ သူကိုယ်တိုင်လည်းအဲ့ဒီပတ်သက်မှုတွေကနေရုန်းထွက်နိုင်ဖို့ ကြိုးစားပြီး အမှုမှန်ဖော်ထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့ မှာတော့ ဒေါက်တာဆန်းဟွန်းရဲ့ ဇနီးပါ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီဇာတ်လမ်းလေးဟာ စိတ္တဇ ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့်စိတ္တဇ လူသတ်သမားက သားသတ်ဆိုင်က သားအဖ လား ဆရာဝန်ကိုယ်တိုင်ပဲလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ရင်း အဖြေရှာကြပါစို့ 