-
Movie Name
-
The Protector (2005)
-
Year
-
2005
-
Generes
-
Action
-
Code
-
01982
-
Type
-
Movie
-
Size
-
999 MB
-
Country
-
Thai
-
Description
-
IMDb rating 7.1/10 ထိရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ ကျွန်တော်(စိုးထွေး)ရဲ့၁၁
ကားမြောက်ဘာသာပြန်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားအပိုင်း(၂)ကိုတော့ကျွန်တော်တို့ရဲ့channel
myanmar မှာတင်ထားပြီးပါပြီ။ အဲဒါကြောင့်ပရိတ်သတ်တွေရဲ့အာသီသကိုကျွန်တော်က နားလည်သာအားဖြင့်အပိုင်း(၁)ကိုဘာသာပြန်ပေးလိုက်ပါတယ်။ ong-bak ဘုရားခေါင်းခိုးတဲ့ကားနဲ့နာမည်
ကြီးခဲ့တဲ့ထိုင်းမင်းသားတိုနီဂျာဟာ အခုဆိုရင်ဟောလီးဝုဒ်ထိကိုအောင်မြင်စပြုနေပါပြီ။ ဒီဇာတ်ကားဟာ တိုနီဂျာရဲ့ပြည်ပမှာထွက်ပြီးရိုက်ကူးခဲ့တဲ့ပထမဆုံးကားလည်းဖြစ်ပါတယ်။ အာဆီယံကအက်ရှင် မင်းသားတွေထဲမှာတိုနီဂျာဟာ အလွန်အောင်မြင်နေတဲ့မင်းသားတစ်လက်အဖြစ်ယခုအချိန်မှာ ရပ်တည်နေပါပြီ။ သူ့ရဲ့ထိုးကွက်ဆန်း တိုက်ကွက်ဆန်းတွေကတိုနီဂျာကိုနာမည်ကြီးစေတဲ့ အချက်တွေပါပဲ။
(အစပိုင်းမှာပျော်ရွင်စရာမိသားစုအဖြစ်ခမ်ရယ်ခမ်ရဲ့အဖေရယ်ဆင်၃ကောင်ရယ်ရှိနေတဲ့အချိန်မှာ ကံကြမ္မာက ဆိုးချင်တော့ဆင်တစ်ကောင်ကရန်သူတွေရဲ့သေနတ်ကျည်ဆန်ကြောင့်သေဆုံးခဲ့ပြီး ကျန်
တဲ့ဆင်၂ကောင်ကိုသြစတေးလျကိုခေါ်ဆောင်သွားတဲ့လူတစ်စု။ မိမိရဲ့ဆင်ကိုသြစတေးလျထိလိုက်ပြီး ခမ်ဘယ်လိုကယ်တင်မလဲမိမိပက်သက်မိတဲ့လူဆိုးဂိုဏ်းကသာမန်ဂိုဏ်းလေးမဟုတ်ပဲတရုတ် မာဖီးယားဂိုဏ်းဖြစ်နေသောအခါ ခမ်ဘယ်လိုရင်ဆိုင်မလဲသြဇီမှာတာဝန်ကျနေတဲ့ထိုင်းနိင်ငံသားရဲသား မက်ကကောခမ်ကိုဘယ်လိုကူညီမလဲစသဖြင့်. . . ဇာတ်လမ်းအကျင်းလေးအနည်းငယ်ပြောခဲ့ပါတယ်။) ဒီဇတ်ကားလေးမှာထိုင်းနိင်ငံရဲ့ဆင်တွေအပေါ်ထားတဲ့လေးမြတ်မှုကိုတွေ့နိင်သလို နိင်ငံခြားသားfighter ပေါင်းစုံကိုလည်းအစုံအလင်တွေ့နိင်ပါတယ်။
ကြည့်ပြီးသူများကြည့်ပြီးတယ်ဆိုပေမဲ့မြန်မာစာတန်းထိုးနဲ့ကြည့်တာကပိုပြီးဇတ်
ကားရဲ့ရသမြောက်စေမယ်လို့ပြောကြားရင်းဒေါင်းလုပ်လင့်သာပြေးနှိပ်ကြပါကုန်။
(ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ဖြစ်ပါတယ်။)