Movie Name
Raging Phoenix (2009)
Year
2009
Generes
Action, Crime
Code
01981
Type
Movie
Size
899 MB
Country
Thai
Description
ဒီဇာတ်ကားလေးကတော့ကျွန်တော်(စိုးထွေး)ရဲ့ ၁၈ ကားမြောက်ကားလေးကိုရောက်လာခဲ့ပါပြီ။ အက်ရှင်ကြိုက်နစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြိုက်နစ်သက် မှာသေချာတဲ့ဇာတ်ကားတစ်ကားပါပဲ။ Chocolate ဇာတ်ကားနဲ့ ရုပ်ရှင်လောကကိုဝင်လာခဲ့တဲ့ဒီမင်းသမီးလေးဟာခုဆိုရင် ထိုင်းမှာတိုနီဂျာ နည်းတူအောင်မြင်နေခဲ့ပါပြီ။ The protector 2 မှာလည်းတိုနီဂျာနဲ့ အတူပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့မိန်းကလေးတွေကိုပြန်ပေးဆွဲပြီးရောင်းစားတဲ့ ဂိုဏ်းတစ်ဂိုဏ်းကနေစတင်ထားပါတယ်။မိမိရဲ့ချစ်သူနဲ့ လက်ထပ်တဲ့နေ့မှာပဲမိမိရဲ့ ချစ်သူထူးထူးဆန်းဆန်း ပျောက်ဆုံးသွား၍ကြေကွဲခံစားနေရတဲ့ ဆနင် . . . မိမိတစ်ယောက်တည်းအမြဲလိုလိုအထီးကျန်သည်ဟု ခံစားပြီး ပေတေလေလွင့်နေတဲ့ဒရူ . . . ဒရူကို လိုချင်နေတဲ့ဂိုဏ်းတစ်ဂိုဏ်း . . . ထိုဂိုဏ်းကကောဘာလို့ ဒရူကိုလိုချင်ရတာလဲ။ မိမိကိုကယ်တင်လိုက်တဲ့အချိန်မှစပြီး ဆနင်ကိုသံယောဇဉ်ဖြစ်မိသည့်ဒရူ ၊ ဆနင်ဆီကနေကိုယ်ခံပညာသင် ကြားပြီး . . . လူကုန်ကူးဂိုဏ်းတွေကိုဘယ်လိုဆုံးမမလဲ . . .စသဖြင့် ဇာတ်လမ်းအစ အလည် အဆုံး အက်ရှင်အကြမ်းအရမ်းများကိုတဝကြီးခံစားရမှာပါ။ ေ ခာျမောတဲ့မင်းသမီးလေးရဲ့ အက်ရှင်များကြောင့်တိုနီဂျာကိုပါ အမှတ်ရစေမယ့်ဇာတ်ကားတစ်ကားလို့လဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားဟာ IMDb rating 6.2/10 ထိရရှိထားပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)