-
Movie Name
-
Fabricated City (2017)
-
Year
-
2017
-
Generes
-
Action, Crime
-
Code
-
01861
-
Type
-
Movie
-
Size
-
908 MB
-
Country
-
Korea
-
Description
-
ဒီဇာတ်ကားလေးက K2 မင်းသားလေးရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊
ဇာတ်လမ်းမှာ Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး
ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ။
ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။
တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။
% buffered
00:00
-00:07
Download
Your browser does not support the video tag.
သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။
မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာ
သူဘာမှမလုပ်ရဘဲနဲ့ကို မငြင်းနိုင်လောက်အောင်ကို သက်သေတွေက ပြည့်စုံနေလေရဲ့။
“အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း” ဆိုသလိုလဲ မင်းသားလေး ရေတိမ်နစ်ပြီး
ထောင်နန်းတစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။
မင်းသားလေး အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုုးစားပေးနေရှာတယ်။
ဒီအမှုကို သူ့အမေ အယူခံဝင်နိုင်တဲ့အခါ သူ မကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့
ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရင်းက သူ့အမေလည်း ရုတ်တရက် ကွယ်လွန်သွားတာကို
ထောင်ထဲကနေ သိလိုက်ရတဲ့အခါမှာတော့…………….. • ဘယ်လိုလူတွေကများ ဘာကြောင့် ရန်ငြိုးရန်စမရှိဘဲ
ဒီလို အကွက်ကျကျ အမှုဆင်ပြီး သက်သေအပြည့်အစုံနဲ့ ထောင်ကျအောင် လုပ်ခဲ့ရတာလဲ……. မှုခင်းဆေးပညာဆိုင်ရာစစ်ဆေးချက် ဆိုတာ နိုင်ငံ့တကာမှာ
သိပ္ပံနည်းကျ မှုခင်းဖော်ထုတ်တဲ့နေရာမှာ မရှိမဖြစ်ကို အရေးပါအရာရောက်တဲ့ ပညာရပ်ပါ။
ဒီပညာရပ်မှာ အငြင်းပွါးစရာကိစ္စရပ်တွေရှိနေပေမယ့် အားကိုးယုံကြည်နေရတဲ့ပညာရပ်ပါ။
ဒီဇာတ်ကားမှာ ဒီမှုခင်းဆေးပညာရပ်ကို
ဘယ်လိုနည်းပညာတွေနဲ့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်ထားလည်းဆိုတာကိုလည်း တွေ့မြင်ရမှာပါ။
ဒီလို စိန်ခေါ်နိုင်ဖို့ဆိုတာကလည်း Computer Hacking နည်းပညာနဲ့
Computer နည်းပညာရပ်တွေဟာလည်း မပါမဖြစ်ပါဘဲ။
ဘယ်လို Hacker သမားတွေ ဘယ်လိုနည်းပညာနဲ့များ အကွက်ဆင်နိုင်တာလဲ………… မင်းသားလေးကရော ထောင်ကျနေပြီး ဘယ်သူကမှန်းမသိ ဘာကြောင့်မှန်းမသိတဲ့
ဒီလောက်သက်သေတွေ ပြည့်စုံနေတဲ့ အမှုက ထောင်ထဲရောက်နေပြီးတဲ့အချိန်မှာကော
ရုန်းထွက်လို့ ရနိုင်ပါဦးမလား။ ဒီလို အချက်ကျကျ အကွက်ဆင်တဲ့သူတွေကို ဘယ်လိုများ ဖော်ထုတ်ကြရမှာလဲဆိုတာကို
ဇာတ်ကားကိုကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားလိုက်ကြရအောင်……….
ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး CSI လို မှုခင်းစုံစမ်းတဲ့ဇာတ်လမ်းမျိုးကြိုက်ရင် ဒီကားကိုကြည့်ပါ။
Fast & Furious လို Action ဇာတ်ကားမျိုးကြိုက်ရင်လမ်း ဒီကားကိုကြည့်ပါ
စစ်ကားတွေ ကြိုက်တတ်ရင်လည်း ဒီဇာတ်ကားကိုကြည့်ပါ။