Movie Name
Melody To Remember (2016)
Year
2016
Generes
Action, Drama, War
Code
01866
Type
Movie
Size
1.01 GB
Country
Korea
Description
A Melody to Remember ခေါ်တဲ့ကိုရီးယား ကားလေးပါ။ IMDb Rating ၇.၂ ၊ MyDrama List ၈.၆ ရရှိထားတယ့် Rating အမြင့်ပိုင်းတွေ ရရှိထားတယ့်ကာားလေးပါ။ Action/ Drama အမျိုးအစားဖြစ်ပြီး ၂၀၁၆ ခုနှစ် ကဖြန့်ချီထားခဲ့ပါတယ်။ တစ်ကားလုံး ကို ၁၂၄ မနစ်ကြာပါတယ်။ ဒီကားကို နာမည်အမျိုးမျိုးနဲ့လဲ ခေါ်ကြပါတယ်။ သူ့ရဲ ကိုးရီယား ပြည်တွင်းမှာ ( 임시완 )오빠생각 မြန်မာလို အဓိပ္ပယ်က အစ်ကိုကြီးရဲ့ ဆန္ဒ ဖြစ်ပြီး နိုင်ငံတကာ မှ A Melody to Remember လို့ခေါ်ကြပါတယ်။ ဒီကားလေးက Box Office ဝင်ငွေကိုကြည့်ရင် ပြည်တွင်းမှာအောင်မြင်မှုမရပေမယ့် နိုင်ငံတကာမှာအောင်မြင်မှုပိုရရှိခဲ့တယ်ကားပါ။ ရိုက်ကူးတယ့် စရိတ်ကိုမသိရပေမယ့် ဝင်ငွေ ကန်ဒေါ်လာ ၇ သန်းကျော်ရှိခဲ့ပါတယ်။ ရှာလို့ရသလောက်က Far East Flim Festival မှာ ပရိတ်သတ်အကြိုက်ဆုံး ဆုကို ရရှိထားပြီး ဇကာတင်စာရင်းဝင်ထားတာနည်းနည်းတော့ရှိပါတယ်။ % buffered 00:00 -00:08 Download Your browser does not support the video tag. ဒီကားရဲ့အဓီကမင်းသားအဖြစ်ပါဝင် ထားတယ့် Siwan အဓီကနေရာမှာ သရုပ်ဆောင် တယ့် သူရဲ့ပွဲဦးထွက် ဇာတ်ကားလဲဖြစ်ပါတယ်။ ကလေး သရုပ်ဆောင် နှစ်ယောက်က Jung Joon နဲ့Lee Re တို့ဖြစ်ပြီး တော်တော်လေးသရုပ် ဆောင်ကောင်းပါကြပါတယ် ။ Rating များပြီး ဇာတ်ကားနဲ့ပတ်သတ် တွေကရှာရတာ မလွယ်ပါဘူး။ဇာတ်လမ်းက ကောင်းပါတယ်။ ဒီဇာတ်ကားလေးရဲ့ Theme က မိဘမဲ့ ကလေး တွေ ရဲ စစ်အတွင်းက ဘ၀ နဲ့ဂီတပါရမီ ကိုပြချင်တာဖြစ်ပါတယ်။ ဝေဖန်ချက်ကောင်းကောင်းတွေ ရရှိထားပြီး ပရိတ်သတ် တွေ ကိုဆွဲဆောင်ထားနိုင်ပါတယ်။ ကလေးနှစ်ယောကို အဓီက ထားပြီး ဇာတ်အိမ် တည်ထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း မောင်နှမ နှစ်ယောက် ရဲ့မေတ္တာကို ဖော်ကျူး ထားပါတယ်။ ကိုးရီယား ကားတွေ မှာ ချီးကျူးချင်တာက ကလေးသရုပ်ဆောင်တွေ ပါ။ တကယ်သူတို့ပေးချင်တယ့် ခံစားချက်ကို တစ်ဖက်သားဆီရောက်အောင်ပေးနိုင်ပါတယ်။ လွန်ခဲ့တယ့် နှစ်၅၀ ကျော်က ကိုးရီယားနိုင်ငံအခြေနေကိုလဲ အထင်သားတွေ မြင်ရပါတယ်။ စစ်ကြောင့်မိဘမဲ့ဖြစ်သွားတယ့် ကလေးတွေ ရဲ့ဘဝဖြတ်သန်းရှင်သန်ရပုံတွေ ၊ တောင်နဲ့ မြောက်ရဲ့အမုန်းတရားတွေ ကိုတွေ့ရမှာပါ။ နောက်ပြီးဒီ ဇာတ်ကားမှာပါတဲ့ သီချင်းဆိုရတဲ့ အခန်းတွေ ကို ကလေးတွေ တကယ်သီဆို ထားတာပါ။အဲ့ဒီမှာ သရုပ်ဆောင်နဲ့ဆွေးရုံတင် မဟုတ်ဘဲ အသံကိုနားထောင်ပြီးတော့ပါ ဆွေးနိုင် ပါတယ်။ အသံမှာကိုက သူတို့ခံစားနေတဲ့ ခံစားချက်ကို ပါ အောင်သီဆိုနိုင်တာ ပိုပြီးနားထောင်လို့ကောင်းပါတယ်။ အခု ဒီကားရဲ့ဇာတ်လမ်းပိုင်းကိုပြောပြမှာပါ။ ဇာတ်လမ်းအစမှာ တိုက်ပွဲတစ်ခုအတွင်း တပ်ရင်း တစ်ခုလုံး သေပြီး ဗိုလ်ကြီးတစ်ယောက်ဘဲအသက်ရှင်ကျန်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုနှစ်ပိုင်းပိုင်းလိုက်ပြီးနောက်မှာ နှစ်ဖက်စစ်စဖြစ်ပါတယ်။ စစ်အတွင်းမှာ တောင်ဘက်ကလူဆို မြောက်ကလူကို သတ် မြောက်ကလူဆိုရင် တောင်ကလူကိုသက် ဖြစ်နေကြတဲ့ အချိန်မှာ အခြေနေကြောင့် မြောက်ပိုင်းအလိုတော်ရိ လုပ် နေတယ့် တောင်ပိုင်းသားတစ်ယောက်က လမ်း ခရီတစ်ခုမှာ တောင်ပိုင်း စစ်တပ် နဲ့တွေ့ပါတယ် အဲ့ဒီမှာ သူ့ရဲ့သမီးလေးက မြောက်ပိုင်းသီချင်း ဆိုပြလိုက်မီလို့သူ့အဖေဖမ်းခံရပြီး ရွှာက လူတွေ ဝိုင်းသတ်လို့သေသွားပါတယ်။ အဲ့ဒီနောက်မှာ မောင်နှစ်မ နှစ်ယောက် ကမိဘမဲ့ ဖြစ်သွားပြီး ရွှာကေနေထွက်လာခဲ့ကြပါတယ်။ အစ်ကို ကသူ့ညီမကိုအရမ်းချစ်ပြီး ဂရုစိုက်ပါတယ်။ အဲ့ဒီအချိန်တိုက်ပွဲတုန်းက အသက်ရှင် ခဲ့တယ့် ဗိုလ်ကြီးက ဘူဆန်ကိုဂီတဆရာ နေနဲ့ ပြောင်းလာရပါတယ်။ မိဘမဲ့ ကျောင်းအုပ်က အမေရိကပညာသင်လာ တယ့် စေတနာဝန်ထမ်း ကောင်မလေးပါ။ အဲ့ဒီအချိန် မိဘမဲ့ ကလေးတွေ ကို သီချင်းသင်ပေးပြီး အဖွဲ့တစ်ခုလုပ်လိုက်ပါတယ်။ သူတို့ပထမဆုံး အမေရိကန်က ဗိုလ်မှုးကြီးကို ဆိုပြတာကနေ လူတွေကြိုက်သွားပြီး သူတို့ကို ရှေ့တန်းက စစ်သားတွေ ကိုဖျော်ဖြေဖို့တာဝန်ပေးလိုက်ပါတယ်။ အဲဒီ မောင်နှစ်မ နှစ်ယောက်မှာ ညီမဖြစ် တယ့် သူက သီချင်းမဆိုဘဲ သူ့အကိုနဲ့မခွဲနိုင် လို့လိုက်လာခဲ့ပါတယ်။ တောတစ်နေရာမှာ နားနေကြရင်း မောင်နှစ်မနှစ်ယောက် အပေါ့သွားဖို့ထွက်လာခဲ့တာမှာ မြောက်ပိုင်း တပ်နဲ့တွေ့ ကြတုန်း သူတို့ကိုမတွေ့လို့လိုက် ရှာနေကြတယ့် တောင်ပိုင်းတပ်တိုက်ပွဲစဖြစ်ကြပါတယ်။ အဲ့တိုက်ပွဲနောက်ပိုင်းဘယ်သူကသေပြီး ဇာတ်လမ်းကို ဘယ်လို ဆက်ထားလဲ ၊ ကောင်မ လေးရရောဘာလို့သီချင်းမဆိုတာလဲ ၊ ဘယ်လို စိတ်ဝင်စားစရာ ဝမ်းနည်းစရာတွေ ရှိမလဲဆို တာဇာတ်ကားကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီဇာတ်ကားကိုကြည့်မိပြီး တသသဆွဲနေမယ့် အထဲပါပါတယ်။အတက်နိုင်ဆုံး ဇာတ်လမ်းထဲမှာ ခံစားမှုပိုပြီး စီးမျောသွားနိုင်အောင် ဘာသာပြန် ပေးထားပါတယ်။ ဂီတ အကြောင်းကို ဒရာမာ နဲ ရိုက်ပြထားပြီး တစ်ရှုးဆောင်ထားရမယ့် ကားပါ။ ကလေးနှစ်ယောက်ရဲ့သရုပ်ဆောင်နဲ့အဆိုပိုင်း ကို ကောင်းကောင်းကြီး ခံစားရမှာပါ။ ကြိုက်တာ မကြိုက်တာက ကြည့်တယ့်သူပေါ်မှာဘဲမှုတည်မှာပါ။