-
Movie Name
-
Born To Fight (2004)
-
Year
-
2004
-
Generes
-
Action, Crime
-
Code
-
01974
-
Type
-
Movie
-
Size
-
684 MB
-
Country
-
Thai
-
Description
-
ဒီဇာတ်ကားလေးကတော့ကျွန်တော်ရဲ့
ပဉ္စမမြောက်ဘာသာပြန်ဇတ်ကားလေးပါ
အက်ရှင်ကားကောင်းကောင်းကို
မှကြိုက်တဲ့ပရိတ်သတ်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပါပဲ
ကျွန်တော်ထိုင်းအက်ရှင်ကားတွေဆိုရင်(tonny jaa)ရယ်
ဒီမင်းသားရယ်ပါတဲ့ကားတွေကိုအကြိုက်ဆုံးပါပဲ
ထိုးသတ်မှုတွေကမာန်ပါသလိုတကယ့်ကိုအက်ရှင်ရသ
ပေးစွမ်းနိင်တဲ့ကားတွေဖြစ်လို့ပါပဲဒီ
ဇာတ်ကားလေးကတော့အက်ရှင်ဆိုပေမဲ့ဇတ်လမ်း
ဇာတ်ကွက်တွေလည်းပါတာကြောင့်ပရိတ်သတ်
တွေစိတ်ကျေနပ်မှုရစေမှာပါ
အညွန်းမရေးခင်ကျွန်တော်နည်းနည်းထပ်ဖြည့်ပေးပါရစေ
ဒီဇတ်ကားလေးမှာကျွန်တော်တွေ့ရသလောက်ကတော့
စည်းလုံးညီညွတ်မှုရယ်နိင်ငံတော်နဲ့နိင်ငံတော်သီချင်းကို
ချစ်မြတ်နိးတာကိုတွေ့ရပါတယ်
ကျွန်တော်တို့အလုပ်မှာဆိုရင်သူဌေးကတခါတလေလာရင် ဂျပန်နဲ့မြန်မာလူမျိူး
Communicationရစေအောင်ဆိုပြီး နိင်ငံတော်သီချင်းဆိုခိုင်းတတ်ပါတယ်
ကျွန်တော်တို့တွေကတော့ကိုယ့်နိင်ငံတော်သီချင်းကို
အကျယ်ကြီးဆိုကြတာပေါ့
ဆိုနေတဲ့အချိန်မှာကြက်သီးထလောက်အောင်ခံစားရပါတယ်
နိင်ငံခြားရောက်နေတဲ့လူတွေပိုသိမှာပါ
ဟိုတလောကကျွန်တော်facebookမှာ
ဖတ်လိုက်ရပါတယ်မြန်မာနိင်ငံမှာ
ရုပ်ရှင် မပြခင်နိင်ငံတော်သီချင်းဆိုတဲ့အချိန်မှာဆိုနေတဲ့လူတွေကို
အနောက်ကနေ ကဲ့ရဲ့တယ်ဆိုတဲ့သတင်းပါ
ဟုတ်မဟုတ်တော့မသိပါဘူး
ဒါပေမဲ့အဲလိုတော့ဘယ်လိုမှမဖြစ်သင့်ပါဘူး
ကျွန်တော်နိင်ငံတော်သီချင်းအကြောင်းပြောရင်း
မြန်မာဇတ်ကားတစ်ကားကိုသတိရမိပါတယ်
တိုက်ပွဲခေါ်သံပါ အားလုံးလည်းသိမှာပါ
ဒါကြောင့်ကျွန်တော်ပြောချင်တာကနိင်ငံတော်သီချင်းကို
ကျွန်တော်တို့အားလုံးအလေးထားသီဆိုကြပါစို့လို့ပြောချင်ပါတယ်
အားလုံးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဇာတ်ကားအညွန်းကိုပြောရရင်တော့
နိင်ငံတော်ကဖမ်းဆီးထားတဲ့မှောင်ခိုရာဇာကြီး
တစ်ယောက်ကိုလက်အောက်ငယ်သားတွေက
နယ်စပ်ရွာကလေးကိုဓါးစားခံလုပ်ပြီးကယ်တင်ဖို
့ကြိူ းစားတာကိုရိုက်ကူးထားတာပါ
နယ်စပ်ရွာကလေးကိုရောက်ရှိနေတဲ့
အားကစားသမားများနဲ့လူဆိုးတွေရင်ဆိုင်ပုံကို
သေသေသပ်သပ်ရိုက်ကူးထားတာပါ
ထိုင်နိင်ငံရဲ့နာမည်ကြီးလက်ဝှေ့သမားတွေ
တိုက်ကွမ်ဒိုသမားတွေ
အားကစားသမားစုံစုံညီညီပါဝင်ထားပါတယ် ဒေါင်းလော့ဆွဲပြီးကြည့်လိုက်ကြပါအုံး