-
Movie Name
-
Operation Chromite (2016)
-
Year
-
2016
-
Generes
-
Action, Drama, Historical
-
Code
-
01871
-
Type
-
Movie
-
Size
-
792 MB
-
Country
-
Thai
-
Description
-
1950 ခုနှစ်
မြောက်ကိုရီးယားမှ တောင်ကိုရီးယားကို ကျူးကျော်ပြီး စစ်ပွဲ ကြေညာလိုက်ချိန်… တောင်ကိုရီးယားကျွန်းဆွယ်အထိ အောင်အောင်မြင်မြင်ကျူးကျော်နိုင်ရန် အမေရိကန်စစ်ဗိုလ် ဗိုလ်မှူး Douglas မှ Operation Chromite ဟု အမည်ရသည့် စစ်ဆင်ရေးတစ်ခု ရေးဆွဲလိုက်ချိန်…
သို့ပေမယ့်လည်း ပင်လယ်ပြင်သည် မိုင်းဗုံးများအပြည့်။ ထို့ကြောင့်
တောင်ကိုရီးယား၏ ဟာကွက်ကို မဖြစ်မနေ ရှာဖို့ လိုလာခဲ့ပြီ။
သူလျှိုများ စေလွှတ်ပြီး မြောင်ကိုရီးယား ခေါင်းဆောင်ဆီသွား၍
မိုင်းဗုံး တည်နေရာကို သူတို့ သိသလောက်ပေးရန် တောင်းဆိုရခဲ့။
အဆိုပါ အချိန်တွင်ပဲ မြောက်ကိုရီးယားခေါင်းဆောင်က ပေးရန် ငြင်းဆိုလေသောအခါ…
Rotten Tomatoes – 33%
IMDB – 6.2
Metacritic – 50%
မင်းသားကြီး Liam Neeson ခေါင်းဆောင် ပါဝင်ထားရုံတင်မက Korea မှာ အပေါက်ဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့တဲ့ Assanation ကားထဲက မင်းသား Lee Jung Jae ပါ Liam Neeson လို ဒိတ်ဒိတ်ကြဲ တစ်ယောက်နဲ့ အပြိုင်ကြဲထားတယ်ဆိုတော့ကာ Rating တွေ ဂရုမစိုက်ရမယ့် ဇာတ်ကားကောင်း တစ်ကား ဖြစ်လာခဲ့တယ်။
ဇာတ်ကြောင်းပြောပုံက ဆန်းသစ်တယ်ဆိုရလောက်အောင်
ဒါရိုက်တာက ရိုက်ပြသွားနိုင်ခဲ့တယ်။
ဇာတ်ညွှန်းပိုင်းလိုတာတွေ ရှိကောင်းရှိနေနိုင်ပေမယ့်
သမိုင်းရဲ့ တကယ့်ဖြစ်ရပ်တစ်ခုပေါ်မှာ မူတည်ထားပြီး
ကိုရီးယားရဲ့ Top Cast တွေရဲ့ ကိုယ်စီပိုင်နိုင်မှုတွေနဲ့ ထိန်းနိုင်ခဲ့တဲ့အတွက်ကြောင့် Critic တွေအနေနဲ့ Michael Bay ရဲ့ Pearl Harbour နဲ့ နှိုင်းရတဲ့ Melodrama စစ်ကားကောင်း တစ်ကား ဖြစ်လာရတော့တယ်။
(စာတန်းထိုးဖိုင်ကိုတော့ ဆရာသစ်ဆန်းခန်.မှ စီစဉ်ပေးခဲ့တာဖြစ်ပြီး အညွှန်းကိုတော့ အကိုရဲခန်.မင်းမှရေးပေးထားတာဖြစ်ပါတယ်)