Movie Name
Ordinary Person (2017)
Year
2017
Generes
Action, Crime, Drama
Code
01872
Type
Movie
Size
902 MB
Country
Korea
Description
၁၉၈၇ နွေဦးကာလမြင်ကွင်း နဲ့အတူ အလုပ်ကြိုးစားတဲ့ စုံထောက်ဆန်းဂျင်းတို့ မိသားစု ပုံရိပ်လေးနဲ့ အစပြုထားပါတယ်။ ဆန်းဂျင်းမှာ ဇနီးရယ်၊ သားလေး တစ်ယောက်ရယ် မိသားစုသုံး ယောက်ရှိပြီး ရိုးသားကြိုးစားအ လုပ်လုပ်ရင်း သူ့မိသားစုကို အိမ် ကောင်းကောင်းနဲ့ ထားနိုင်ဖို့ ရည် ရွယ်ထားပါတယ်။ တစ်ရက်မှာတော့ တောင် ကိုရီးယားမှာ လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်တဲ့ တရားခံဆိုသူ တေးဆောင်ကို ဖမ်းဆီးဖို့ ဖြစ်လာ ခဲ့ပါတယ်။ အဲဒီအမှုကို လိုက်ဖို့အ တွက် အထူးရဲတပ်ဖွဲ့ အကြီးအကဲကျိုးနမ်ရဲ့ တာဝန်ပေးချက်အရ ဆန်းဂျင်းဟာ လျှို့ဝှက်စစ်ဆင် ရေးတစ်ခုမှာ ပါဝင်ခဲ့ရပါတယ်။ သတင်းထောက် ဂျယ်ဂျင်း ဟာလည်း လူသတ်ကောင်တေး ဆောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး မသင်္ကာစရာ အချက်အလက်အ ချို့ကို ခြေရာခံမိထားပါတယ်။ ဒါ ကြောင့် ဆန်းဂျင်းကို ဒီအမှုနဲ့ပတ် သက်ပြီး ဆက်မလိုက်ဖို့ ဂျယ်ဂျင်း က အကြံပြုခဲ့ပေမယ့် ဆန်းဂျင်း ခမျာ လျှို့ဝှက်စစ်ဆင်ရေးထဲမှာ ပါနေတဲ့အတွက် ရွေးချယ်စရာ လမ်းမရှိဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း သား လေးကျန်းမာရေးမကောင်းတဲ့အ တွက် ဆေးကုသစရိတ်လိုနေတာ ကြောင့် ဆန်းဂျင်းတစ်ယောက် ငွေအတွက် ဘာမဆိုလုပ်ရမယ့် အနေအထားရှိနေခဲ့ပါတယ်။ တေးဆောင်ရဲ့ အမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်စစ်ဆင်ရေးအကြား မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ၊ သတင်းထောက် ဂျယ်ဂျင်း သိထားတာတွေက ဘာ တွေဖြစ်နေမလဲ၊ မိသားစုရေးအ ကျပ်အတည်းနဲ့ အလုပ်ကြားမှာ ဆန်းဂျင်း ဘယ်လို ရှေ့ဆက်မှာလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ သရုပ် ဆောင်ထားသူတွေက ဆန်းဂျင်း အဖြစ် ဆန်းဟွန်ဂျူး။ ကျိုးနမ်အ ဖြစ် ဂျန်ဟော့၊ ဂျယ်ဂျင်းအဖြစ် ကင်ဆောင်ဟို၊ ဆန်းဂျင်းဇနီးအ ဖြစ် ရာမီရမ်တို့ပဲ ဖြစ်ပါတယ်။