Movie Name
The Truth Beneath (2016)
Year
2016
Generes
Drama, Thriller
Code
01884
Type
Movie
Size
851 MB
Country
Korea
Description
တောင်ကိုရီးယားနိုင်ငံရဲ့ ၂၁ရာစု အထွေထွေရွေးကောက်ပွဲကြီးအတွက် အပြိုင်အဆိုင်ဒိတ်ဒိတ်ကြဲဖြစ်နေတဲ့ အမတ်လောင်း ကင်ဂျုံချန်နဲ့ အမတ်လောင်း နိုဂျယ်ဆွန်းတို့နှစ်ယောက်။ ပထမဦးဆုံးမဲဆွယ်စည်းရုံးတဲ့နေ့မှာဘဲ အမတ်လောင်းကင်ဂျုံချန်ရဲ့ သမီးလေးကင်မင်ဂျင်ပျောက်ဆုံးသွားခဲ့တယ်။ သမီးလေးကင်မင်ဂျင်ပျောက်ဆုံးသွားတာနဲ့ပက်သက်ပြီး သောကရောက်နေတဲ့မိခင် မစ္စကင်နဲ့ သမီးပျောက်တာကိုသိပ်အရေးမစိုက်ဘဲ မဲဆွယ်စည်းရုံးတဲ့အလုပ်ကိုဆက်လုပ်နေတဲ့ ဖခင်ကင်ဂျုံချန်တို့ရဲ့အိမ်ထောင်ရေးအခြေအနေကတော့ သမီးဖြစ်သူသေဆုံးသွားသည်ကိုသိပြီးနောက်ပိုင်း ပိုဆိုးဝါးလာခဲ့တယ်။ အရမ်းကိုပူဆွေးသောကရောက်ပြီးရူးမတတ်ဖြစ်နေတဲ့မိခင်မစ္စကင်ကတော့ သမီးနဲ့ပက်သက်သမျှအချက်အလက်တွေကို ပိုက်စိပ်တိုက်နည်းအမျိုးမျိုးဖြင့်လိုက်ရှာကာ သမီးဖြစ်သူ၏အချစ်ဆုံးသူငယ်ချင်းချွဲမီအို့ကို မသင်္ကာသူလို့ထင်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့တယ်။ သမီးလေးရဲ့အခန်းမှာခိုးပြီးတပ်ထားတဲ့အသံဖမ်းစက်တွေက သူတို့ရဲ့ပြိုင်ဖက်နိုဂျယ်ဆွန်းတို့နဲ့ပက်သက်နေတယ်လို့လဲသိထားခဲ့တယ်။ ဒါဆိုရင် ဒီသမီးဖြစ်သူကင်မင်ဂျင် အသတ်ခံရတဲ့အကြောင်းအရင်းနဲ့ သတ်ခဲ့တဲ့အဓိကတရားခံဟာ သူ့အချစ်ဆုံးသူငယ်ချင်းလား?